ပြီးခဲ့တဲ့ဩဂုတ်လက စတင်ဖြိုဖျက်နေတဲ့ သီရိမင်္ဂလာဈေးဟောင်းနေရာမှာ အဆင့်မြင့်အဆောက်အဦတစ်ခု တည်ဆောက်သွားမယ်လို့ ယခင်ရောင်းဝယ်ရေးလုပ်ကိုင်ခဲ့သူများရဲ့ ပြောပြချက်အရ သိရပါတယ်။ အဆိုပါသီရိမင်္ဂလာဈေးဟောင်းအဆောက်အုံကို အန္တရာယ်ရှိအဆောက်အဦအဖြစ် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့မှာ သတ်မှတ်ခဲ့ပြီးတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က စပြီး လုပ်ငန်းတွေကို သက်တမ်းတိုးခွင့်မပြုဘဲ ပိတ်သိမ်းပယ်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ နေထိုင်မယ့် ပြည်သူတွေအတွက် YBS ယာဉ်လိုင်း(၅)လိုင်း စီစဉ်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် ကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကိုဆက်သွယ်ပေးမယ့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်းများလာမယ့် ၂၀၂၄ခုနှစ်အတွင်းပြီးစီးရန်လျာ ထားတယ်လို့သိရပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်အတွက် ရွေးချယ်ခံရသူ (၂,၀၀၀) ခန့်ကို ယနေ့(ဒီဇင်ဘာလ ၁ ရက်နေ့)မှာ စတင်နေထိုင်ခွင့်ပြုသွားမယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)ကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်များအတွင်း စိစစ်ရွေးချယ်ထားတဲ့ (၆,၂၈၇) ဦးကို နှစ်သုတ်ခွဲပြီး မဲနှိုက်ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး ၊ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းတချို့တွင်လပြတ်ငှားရမ်း နေထိုင်မှုများ ရှိနေတယ်လို့သိရပါတယ်။
ပုံမှန်အားဖြင့် သီတင်းကျွတ်အားလပ်ရက်၊တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ပုဂံဒေသကို ဘုရားဖူးများ လာရောက်လျက်ရှိတဲ့အတွက် ဟိုတယ်နှင့် တည်းခိုခန်းများ လူပြည့်လျှံနေတက်ပေမယ့် ယခု အခါမှာတော့ တခြားဒေသများမှလာရောက်ပြီးဟိုတယ်၊ တည်းခိုခန်းများမှာလပြတ်ငှားရမ်း နေထိုင်ကြတာ လည်းဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ နယ်စပ် ကုန်သွယ်ရေးဂိတ်တချို့နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတာ ကြောင့် ပိတ်ထား ရပြီး ပြည်တွင်းကို တင်သွင်းလာတဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတချို့လည်းနယ်စပ်ဂိတ်တွေမှာ ပိတ်မိနေတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတချို့ရပ်နားထား ရတယ်လို့သိရပါတယ်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား တစ်စင်းလုံးရဲ့နှစ်ဖက်ချဉ်းကပ်လမ်းများ လာမယ့်ရှေ့လ (ဒီဇင်ဘာ) တွင်အားလုံးပြီးစီးတော့မှာဖြစ်တယ်လို့သိရပါတယ်။
ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာတိုက်ခန်းငှားရမ်း နေထိုင်ခွင့် လျှောက်ထား သူများစာရင်းကို သက်ဆိုင်ရာကနေ စိစစ်ပြီး နိုဝင်ဘာ (၁၃)ရက်နှင့် (၁၄)ရက် နေ့များတွင်အဆိုပါသုခဒဂုံအိမ်ရာဝန်းအတွင်းရှိတိုက်ခန်းများရှေ့တွင်မဲနှိုက်ပေးခဲ့သော်လည်း တချို့မှာ လူကိုယ်တိုင်မလာဘဲမဲနှိုက်ပေးခဲ့တဲ့ဖြစ်စဉ်များရှိခဲ့တဲ့အပါ်ဝေဖန်မှုအချို့ရှိခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ အဆောက်အဦ ဆောက်လုပ်ခွင့်နှင့် အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေး ဦးစီးကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကနေ အောက်တိုဘာလအတွင်း အဆောက်အဦ ဆောက်လုပ်ခွင့် (၃၁၆)ခု နှင့် အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်(BCC) (၁၁၇)လုံး ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။