Home  / News

သတင်းများ

blog image

စင်္ကာပူနိုင်ငံမှာ ငွေထုတ်ပိုက်ပြီးအိမ်ဝယ်ရင်တောင်လွယ်လွယ်နှင့်ဝယ်ယူမရဟုသိရ။

Feb 2, 2024  /

စင်္ကာပူနိုင်ငံမှာ ရှိတဲ့ အိမ်ခြံမြေ Real Estate မှာ ရင်းနှီးမြှပ်နှံချင်လို့ဘဲဖြစ်ဖြစ်၊နေထိုင်ချင်လို့ဘဲဖြစ်ဖြစ်ဝယ်ယူမယ့်သူတွေအနေနဲ့လက်ထဲမှာငွေကြေးအလုံအလောက်ရှိနေရင်တောင်ဝယ်ယူဖို့ခက်ခဲနေတဲ့အတွက်ကြောင့် စင်္ကာပူအိမ်ခြံမြေ ဈေးကွက်ကကျဆင်းနေတယ်လို့  စင်္ကာပူအိမ်ခြံမြေအသိုင်းအဝိုင်းက နေသိရပါတယ်။

blog image

သန်လျင်တံတားအမှတ်-၃ မကြာခင် ပြီးစီးတော့မည်ဖြစ်သည့်အတွက် အိမ်ခြံမြေဈေးများမြင့်တက်လာ

Jan 28, 2024  /

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်မှု မကြာခင်ပြီးစီးတော့မှာဖြစ်တဲ့အတွက် သန်လျင်ဘက်မှာရှိတဲ့ အိမ်ခြံမြေဈေးကွက်တွေကလည်း မြင့်တက်လာတယ်လို့  အိမ်ခြံမြေအကျိုးတော်ဆောင်တွေထံကနေ သိရပါတယ်။

လက်ရှိမှာလည်း တံတားကြိုးဆိုင်းများ စတင်တပ်ဆင်နေပြီဖြစ်ကာ တံတားစီမံကိန်းတစ်ခုလုံးရဲ့ ပြီးစီးမှုရာခိုင်နှုန်းမှာ ၉၅ ရာခိုင်နှုန်းလောက်ရှိပြီလို့  တံတားတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

blog image

ရန်ကုန်အိမ်ခြံမြေမြေဈေးကွက်တွင် တိုင်းရင်းသားအများစု လာရောက်ရင်းနှီးမြှုပ်နှံဟုဆို

Jan 28, 2024  /

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းမှာ တိုင်းရင်းသားများမှ အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံမှုရှိနေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များ၏ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ယခု နှစ်သစ်ကူးကာလမှာ အိမ်ခြံမြေဈေးကွက်အတွင်းအရောင်းအဝယ်အေးနေပြီး အငှားဈေးကွက်ပိုဖြစ်နေတယ်လို့ ဆိုပါတယ်။

blog image

ပုသိမ်လေယာဉ်ကွင်း နိုင်ငံတကာလေယာဉ်များဆင်းသက်နိုင်သည်အထိအဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

Jan 26, 2024  /

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်လေယာဉ်ကွင်းကို ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်စေရန်  ရည်ရွယ်၍ အဆင့်မြှင့်တင်နိုင်ရေးစီမံဆောင် ရွက် နေတယ်လို့သိရပါတယ်။

blog image

သုခဒဂုံပြည်သူ့အငှားအိမ်ရာဝင်းအတွင်း ငါးဧက အကျယ်ရှိမြေနေရာပေါ်တွင် YBS ယာဉ် ညအိပ်ရပ်နားကွင်း ဆောက်လုပ်လျက်ရှိ

Jan 25, 2024  /

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် သုခဒဂုံပြည်သူ့အငှားအိမ်ရာဝင်းအတွင်းရှိ ငါးဧက အကျယ် မြေပေါ်တွင် YBS ယာဉ်များညအိပ်ရပ်နားရန်အတွက် ညအိပ်ရပ်နားကွင်းဆောက်လုပ်လျက်ရှိ တယ်လို့သိရပါတယ်။

blog image

နေပြည်တော် ၊သုခတော်၀င်အိမ်ရာအပိုင်း (၂) ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် စိတ်၀င်စားတဲ့ လုပ်ငန်းရှင် / ကုမ္ပဏီများအား (EOI) ခေါ်ယူ

Jan 25, 2024  /

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ၊ ပျဉ်းမနားတောင်ညိုလမ်း၊ဆွာလမ်းဆုံနှင့်    မြို့မစျေးကြား၊ ယခင်ဘူးကွဲရွာဟောင်း၊ (၃၁)ဧက အကျယ်မြေနေရာမှာ သုခတော်၀င်အပိုင်း (၂) အားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှာဖြစ်တဲ့အတွက် လုပ်ငန်းရှင် / ကုမ္ပဏီများအား စိတ်၀င်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest)(EOI) ခေါ်ယူထားတယ်လို့သိရပါတယ် ။

blog image

မန္တလေးအိမ်ခြံမြေဈေးကွက် ဝယ်လိုအားထက် ရောင်းလိုအားများနေ

Jan 16, 2024  /

မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားထက် ရောင်းချလိုသူများနေခြင်းကြောင့် အရောင်းအဝယ်ဖြစ်မှု နည်းပါးနေတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းသို့ လုပ်ငန်းကြီးသမားများ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု နည်းနေဆဲဖြစ်သောကြောင့် အရောင်းအဝယ် အေးနေရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ “အရောင်းအဝယ်က မျှော်မှန်း ထားသလောက်တော့ ဖြစ်မလာသေးပါဘူး။ ရောင်းချင်တာတွေ များနေပြီး အဝယ်ကတော့ နည်းနေတာပေါ့"ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

blog image

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းပြန်လည်စတင်ရန်ထိုင်းအစိုးရဖက်ခြမ်းမှစိတ်ဝင်စားပြီးပြန်လည်ဆက်သွယ်လာမှုများရှိဟုသိရ#

Jan 12, 2024  /

ထိုင်းနိုင်ငံ လက်ရှိအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို  စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ် လာတဲ့ အနေအထားများရှိနေတယ်လို့သိရပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကိုစတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တာဝန်ပေးထားတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်း ရပ်စဲထားခဲ့တာဖြစ်ပါတယ်။

blog image

ဒလတွင် အိမ်ခြံမြေဈေးကွက် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေ

Jan 10, 2024  /

 ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတားစီမံကိန်းကြောင့်ဒလအိမ်ခြံမြေဈေးကွက်ဟာ အမြင့်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များထံကနေ သိရပါတယ်။

blog image

နိုင်ငံပိုင်မြေနှင့်အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက်များအား ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူထား

Jan 5, 2024  /

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် လက်ဝယ်ရှိ မြေနှင့်အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း(၂၄)ခုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကနေ သိရပါတယ်။