Home  / News

သတင်းများ

blog image

ငွေကျပ် (၃၂)ဘီလျံကျော်ဖြင့် အကောင်အထည်ဖော်နေတဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ အမျိုးသားကင်ဆာရောဂါ (၈)ထပ် ကုသဆောင်

Jul 30, 2025  /

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနကို နိုင်ငံတော် ရဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၃၂ ဘီလီယံကျော်ဖြင့် ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေး စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နေတယ် လို့သိရပါတယ်။ 

blog image

ခြံအမှတ် (၅၄) ၏ မြေတဝက် ယူမည်ဟု ဦးအောင်ဆန်းဦး ထပ်မံတင်ပြ

Jul 30, 2025  /

လေလံတင်ရောင်းချခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နှင့် ပတ်သက်ပြီး မြေတဝက်ကို ရယူလိုကြောင်း ဦးအောင်ဆန်းဦးက ဇူလိုင် ၂၄ ရက်က ကမာရွတ်ခရိုင်တရားရုံးကို ထပ်မံတင်ပြထားတယ်လို့ သိရပါတယ်။ 

blog image

ဘဏ်လုပ်ငန်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့ MCEF နဲ့ CHID Bank နားလည်မှုစာချွန်လွှာရေးထိုး

Jul 30, 2025  /

 ဘဏ်လုပ်ငန်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့ အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ( MCEF) နဲ့ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank) တို့ “နားလည်မှုစာချွန်လွှာရေးထိုးလိုက်တယ်လို့သိရပါတယ်။

blog image

ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူခွင့် မဲပေါက်ထားသူတွေ အကြောင်းကြားစာ ထုတ်ပေးသွားမည်

Jul 30, 2025  /

 ရိုးမရိပ်သာ အိမ်ရာ မဲပေါက်သူများ အတွက် ဝယ်ယူခွင့် အကြောင်းကြားစာတွေကို သတ်မှတ်ရက်အလိုက်ထုတ်ပေးသွားမယ်လို့မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကသိရပါတယ် " ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ရောင်းချတဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာမှာ အခန်းဝယ်ယူခွင့် မဲပေါက်ထားသူတွေကို အသိပေးထားပါတယ်။သတ်မှတ်ရက်အတိုင်းထုတ်ယူဖို့လည်း အသိပေးပါတယ်လို့ " မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဘက်က ပြောထားပါတယ်။ 

blog image

အာရှရဲ့ခရီးသွားဗဟိုချက်ဖြစ်လာမယ့်စင်ကာပူရဲ့ Marina Bay Sands IR2စီမံကိန်း

Jul 30, 2025  /

အမြင့်ပေ၆၅၀ ရှိတဲ့တာဝါသုံးခုပေါ်မှာ သင်္ဘောသဏ္ဉန်အဆောက်အဦတခုကိုဝေဟင်ထက်မှာ စီးမြောနေဟန်တည်ဆောက်ထားတဲ့ Marina Bay Sands မိုး‌မျှော်တိုက်ဟာဆိုရင် ၂၀၁၁ ခုနှစ်တည်‌ဆောက်ပြီစီးချိန်ကတည်းက အာရှရဲ့အထင်ရှားဆုံး ဗိသုကာလက်ရာမြောက်မိုးမျှော်တိုက် တခုအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

blog image

ဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေတဲ့ ဝဇီရာ ရုပ်ရှင်ရုံ

Jul 30, 2025  /

 ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် တည်ဆောက်ထားတဲ့ ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံ ကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရပါတယ်။

blog image

အသုံးပြုခွင့်ရရှိထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိတဲ့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ ပြန်လည်ရုပ်သိမ်းမည်

Jul 30, 2025  /

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီရဲ့ (၁၆) ကြိမ်မြောက်အစည်းအဝေးကနေ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကိုလေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ရေးတို့ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

blog image

အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းဝန်းကျင်ခန့်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခုကို ခွင့်

Jul 21, 2025  /

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၄/၂၀၂၅) ကြိမ်မြောက် အစည်းဝေးကနေဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ကိုးခုကိုလည်းကောင်း၊ စက်မှု၊ ဟိုတယ်ခရီး၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ သတ္တု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂၆ ခု တို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၈၆၅ သန်းနှင့် ငွေကျပ် ၆၇၂၈၃၅ ဒသမ ၂၆၅ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၂၂၀ ကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်၊

blog image

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့တဲ့ ကမ္ဘောဒီယားမှလူသတ်ကွင်းပြင်များ

Jul 20, 2025  /

ဇူလိုင်လ ၁၂ရက်နေ့၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ယူနက်စကိုရဲ့ ၄၇ကြိမ်မြောက် ကမ္ဘာအမွေအနှစ်ညီလာခံမှာ လူသန်းပေါင်းများစွာသတ်ဖြတ်ခံခဲ့ရတဲ့ ခမာနီတွေရဲ့လူသတ်ကွင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

blog image

မြန်မာနိင်ငံရဲ့အကြီးဆုံး နိင်ငံတကာလေဆိပ်ဖြစ်လာမယ့်ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်

Jul 17, 2025  /

မြန်မာနိင်ငံရဲ့အကြီးဆုံး နိင်ငံတကာလေဆိပ်ဖြစ်လာမယ့်ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ပဲခူးမြို့ရဲ့အနောက်ဘက် ၅ ကီလိုမီတာအကွာနှင့် ရန်ကုန်မြို့၏အ‌ရှေ့မြောက် ၆၀ ကီလိုမီတာခန့်အကွာ တွင်တည်ရှိတာြဖစ်ပြီး ပဲခူးမြို့ကျောက်တိုင် ရွာအနီးက ဂျပန်ခေတ်လေဆိပ်သဖွယ် အသုံးပြုခဲ့တဲ့မြေပေါ်မှာ ဟံသာဝတီလေဆိပ်အသစ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။