Home  / News

News

blog image

ထိုင်းတွင် ဘတ် ၅ ဘီလီယံတန်ဖိုးရှိ တရားမဝင် “ရုရှားရွာ” အိမ်ခြံမြေကွန်ရက်ကို ဖော်ထုတ်ဖမ်းဆီး

Jul 28, 2026  /

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်တွင် ထိုင်းနိုင်ငံသားအမည်ခံ (Nominee) များကို အသုံးပြုပြီး တရားမဝင် အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေတဲ့ ဘတ် ၅ ဘီလီယံကျော်တန်ဖိုးရှိ ကွန်ရက်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီး ရုရှားနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

blog image

ရန်ကုန်မိုးပျံလမ်းနဲ့ မြို့ပတ်လမ်း စီမံကိန်းတွေကို ဆက်လုပ်သွားမယ်လို့ သိရ

Jul 28, 2026  /

ရန်ကုန်မြို့ရဲ့ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာဖို့အတွက် မိုးပျံအမြန်လမ်း စီမံကိန်းအပြင် မြို့တွင်းပတ်လမ်း (Inner Ring Road) နဲ့ မြို့ပြင်ပတ်လမ်း (Outer Ring Road) စီမံကိန်းတွေကို ဆက်ပြီး အကောင်အထည်ဖော်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောလိုက်ပါတယ်။

blog image

ဒလတံတားမှီကာ လယ်ကွက်ဝယ်အကွက်ဖော်ရောင်းရန်ကြံထားသူတို့ တံတားပြီးသော်လည်း အဝယ်မရှိသဖြင့် လယ်အငှားပြန်ချရကိန်းစိုက်နေ

Jul 25, 2026  /

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း ပြီးစီးသွားပါက မြေဈေးကွက်ဆက်တက်လာနိုင်တယ်ဆိုပြီး လယ်မြေ များကို သိန်းထောင်ချီ ရင်းနှီးမြှုပ်နှံကာ မြေကွက်ရိုက်ပြီးရောင်းရန် ပြင်ဆင်ခဲ့သူများမှာ လတ်တလော အဝယ်မရှိ ဘဲ ဈေးကွက်အေးစက်နေခြင်းကြောင့် ဝယ်ထားတဲ့ လယ်ကွက်များကို လယ်အငှားချကာ လယ်ပြန်စိုက် ခိုင်းရမလို အခြေအနေဖြစ်နေတယ်လို့  ဒေသခံများထံမှ သိရပါတယ်။

blog image

အိမ်ခြံမြေအကျိုးဆောင်မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ပါက အရေးယူခံရနိုင်

Jul 22, 2026  /

မြန်မာနိုင်ငံရဲ့ လက်ရှိဥပဒေ ပြဋ္ဌာန်းချက်များအရ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းသည် သတ်မှတ်ထား တဲ့လုပ်ငန်း အမျိုးအစားထဲတွင် ပါဝင်နေပြီး၊ သက်ဆိုင်ရာ ကြီးကြပ်ရေးအာဏာပိုင်ထံ ကြိုတင်တင်ပြခြင်း မရှိဘဲ လုပ်ငန်းဆောင်ရွက်ခွင့် မရှိကြောင်း သိရပါတယ်။

blog image

မှော်ဘီ မီးခံဘိလပ်မြေပြားစက်ရုံပိုင် မြေလွတ်ဧရိယာ (၃) ခုကို ၅ နှစ်စာ တင်ဒါခေါ်ငှားမည်

Jul 22, 2026  /

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ မီးခံဘိလပ်မြေပြားထုတ်လုပ်ရေးဌာန(မှော်ဘီ)ပိုင် မြေလွတ်ဧရိယာ (၃) ခုကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ငါးနှစ်ကာလအတွက် ငှားရမ်းဆောင်ရွက်ခွင့်ပြုသွားမှာဖြစ်တယ်လို့  စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

blog image

ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သိမ်းဆည်းခံလယ်ယာမြေများအတွက် လျော်ကြေးပေးအပ်မှုအခြေအနေကို လွှတ်တော်တွင် မေးမြန်း

Jul 21, 2026  /

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ မြို့သစ်တည်ဆောက်စဉ်က သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးမရသေးတဲ့ တောင်သူ ၂၀၀ ကျော်ကို ဘယ်အချိန်မှာ လျော်ကြေးပေးအပ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ် (၁၀) က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်က မေးမြန်းခဲ့တာဖြစ်တယ်။

blog image

ရထားလမ်းဘေးတစ်လျှောက်ရှိ တရားမဝင် ကျူးကျော်နေထိုင်သူများအား အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိ

Jul 14, 2026  /

ရန်ကုန် - ပြည် ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များ အရှိန်အဟုန်ဖြင့် မကြာမီ စတင်ပြေးဆွဲတော့မှာဖြစ်ပြီး၊ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရထားလမ်းဘေးတစ်လျှောက်ရှိ တရားမဝင် ကျူးကျော်နေထိုင်သူများအား အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

blog image

ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများထံ စိတ်ဝင်စားမှုအဆိုပြုလွှာ ဖိတ်ခေါ်

Jul 11, 2026  /

ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုဆိုင်ရာ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EOI) များ တင်သွင်းနိုင်ရန် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီက ဖိတ်ခေါ်ထားရှိပါတယ်။

blog image

လှိုင်မြစ်လမ်းသည် လှိုင်သာယာ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဦးဆောင်ပေးနေတဲ့အရေးပါသော လမ်းမကြီးဖြစ်ဟုဆို

Jul 9, 2026  /

လှိုင်သာယာမြို့နယ်ရဲ့ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတွင် လှိုင်မြစ်လမ်းမကြီးကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ လမ်းမကြီးတစ်ခုဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

၎င်း၏ ပြောကြားချက်အရ လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်–ပုသိမ် (အမှတ် ၅) လမ်းမကြီးနှင့် လှိုင်မြစ်လမ်းမကြီးတို့သည် အဓိကလမ်းကြောင်းနှစ်ခုဖြစ်ပြီး၊ အထူးသဖြင့် လှိုင်မြစ်လမ်းတစ်လျှောက်တွင် စီးပွားရေးလုပ်ငန်းများနှင့် လူနေထိုင်မှုများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာနေတယ်လို့လည်းသိရပါတယ်။

blog image

တပ်ပုဗ္ဗရှိတပ်မတော်သားဟောင်းများ၏ မြေများ ဂရမ်အမည်ပြောင်းလဲခွင့် မရသေးဟုသိရ

Jul 8, 2026  /

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ၂၀၀၇ ခုနှစ်ဝန်းကျင်ကတည်းက တပ်မတော်သားဟောင်းတွေကို နေရာချထားပေးထားတဲ့ အိမ်ခြံမြေတွေဟာ အခုအချိန်အထိ မြေငှားဂရမ် မရသေးတဲ့အပြင် ဂရမ်အမည်ပြောင်းလဲခွင့်လည်း မရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့ရာ နေပြည်တော်ကောင်စီဘက်က တပ်ပုဗ္ဗရှိ မြေကွက်တွေကို လက်ရှိအချိန်မှာ ဂရမ်အမည်ပြောင်းလဲခွင့် မပေးနိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။