Home  / News

News

blog image

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဇွန်လမတိုင်မီ လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်ရန် ညွှန်ကြား

Feb 26, 2025  /

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ရေး လာမယ့် ဇွန်လမတိုင်မီ လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်ရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ညွှန်ကြားထားရှိတယ်လို့သိရပါတယ်။

blog image

ပြည်ပမှ တင်သွင်းထားသည့် ဘိလပ်မြေတန်ချိန် ၃,၀၀၀ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

Feb 26, 2025  /

 ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်ပမှတင်သွင်းလာတဲ့ ဘိလပ်မြေတန်ချိန် ၃,၀၀၀ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာပြီဖြစ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရန်ဆောင်ရွက်လျက်ရှိနေတယ်လို့  ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်တဲ့ တာဝန်ရှိသူများက အသိပေးထုတ်ပြန်ထားရှိပါတယ်။

blog image

ရန်ကုန်မြို့လယ်ခေါင်ရှိ Peninsula Hotel စီမံကိန်းရပ်ဆိုင်း

Feb 19, 2025  /

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် ရန်ကုန်မြို့လယ်ခေါင်ရှိ Peninsula Hotel စီမံကိန်းကို ဟောင်ကောင်ဘက်က ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

blog image

ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများအတွက် တင်ဒါခေါ်

Feb 19, 2025  /

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) ပုံစံဖြင့်နိုင်ငံတကာအဆင့်မီပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုတဲ့ ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန် နိုင်ငံပိုင်သတင်းစာများမှတဆင့်ဖိတ်ခေါ်ထားရှိတာကိုတွေ့ရပါတယ်။

blog image

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်မည်

Feb 19, 2025  /

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများအတွက် ဈေးသစ် မကြာမီဖွင့်လှစ်သွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။

blog image

လားရှိုးစစ်ဘေးရှောင်များကြောင့် အောင်ပန်းမြို့ အိမ်အငှားဈေးကွက်အလုပ်ဖြစ်နေ

Feb 15, 2025  /

 

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကစစ်ဘေးရှောင်တွေက နီးစပ်ရာမြို့တွေဖြစ်တဲ့ တောင်ကြီးမြို့၊အောင်ပန်းမြို့နှင့်ကလောမြို့တွေမှာလာရောက်ခိုလှုံနေထိုင်ကြတာကြောင့် အဆိုပါဒေသတွေမှာရှိတဲ့အိမ်ခြံမြေအငှားဈေးကွက်တွေကဈေးကောင်းနေတယ်လို့သိရပါတယ်။

 

 

blog image

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများအတွက် လျှောက်လွှာတင်သွင်းနိုင်ပြီဖြစ်ကြောင်းသိရ။

Feb 13, 2025  /

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ဝယ်ယူလိုသူများအနေဖြင့်လျှောက်လွှာတင်သွင်းပြီးဝယ်ယူ‌နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။

blog image

ကျောက်မီးသွေးများကို ပြည်ပမှတင်သွင်းခွင့်ပြုမည်

Feb 8, 2025  /

ဘိလပ်မြေစက်ရုံများအတွက်လိုအပ်နေတဲ့စက်မှုကုန်ကြမ်း ကျောက်မီးသွေးများကိုပြည်ပမှတင်သွင်းခွင့်ပြုတော့မှာဖြစ်တယ်လို့ ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်တဲ့ တာဝန်ရှိသူများကထုတ်ပြန်ထားရှိပါတယ်။

blog image

ရုရှားက ကမ္ဘာ့အကြီးဆုံး တွင်းပွင့်စိန်တွင်း

Feb 7, 2025  /

Mir mine လို့လည်းခေါ်တွင်တဲ့ Mirny mine ဟာ ရုရှားနိုင်ငံ အရှေ့ပိုင်း ဆိုက်ဘေးရီးယား ဒေသရှိ Mirny၊ Sakha Republic မှာတည်ရှိတဲ့ တွင်းပွင့်စိန်တွင်း ဖြစ်ပါတယ်။ အဆိုပါသတ္တုတွင်းဟာ အနက်အားဖြင့် ၅၂၅ မီတာ၊ အချင်း ၁၂၀၀ ရှိပြီး ကမ္ဘာ့အကြီးဆုံး တူးဖော်ရရှိတဲ့ တွင်းများထဲမှ တစ်ခုဖြစ်ပါတယ်။

blog image

ခြံအမှတ်(၅၄) တတိယအကြိမ်မြောက် လေလံပွဲတွင်လည်း ဝယ်ယူမည့်သူမရှိ

Feb 5, 2025  /

 ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် (၅၄) နေအိမ်ကို ယနေ့ (ဖေဖော်ဝါရီ ၅ရက်)နေ့မှာ တတိယအကြိမ်မြောက်လေလံတင်ရောင်းချခဲ့ပေမယ့် လည်းဝယ်ယူမယ့်သူမရှိတာ ကြောင့် လေလံပွဲထပ်မံပျက်ပျယ်ခဲ့တယ်လို့သိရပါတယ်။