Home  / News

News

blog image

သုခဒဂုံပြည်သူ့အငှားအိမ်ရာနေထိုင်ခွင့် ဒုတိယအဆင့် မဲပေါက်ထားသူများ မေလအတွင်း အိမ်လခပေးသွင်းပြီး စာချုပ်ချုပ်ဆိုရမည်

Apr 29, 2024  /

ဒဂုံမြို့သစ်(‌တောင်ပိုင်း)မြို့နယ်မှာ တည်ဆောက်ထားတဲ့သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို လာမည့် မေလအတွင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ သိရပါတယ်။

blog image

ရန်ကုန်ဈေးကွက်တွင် အိမ်၊ ခြံ၊ မြေဝယ်ယူရင်းနှီးမြှုပ်နှံသူ နည်းပါးပြီး ရွှေစုသူများလာနေ

Apr 26, 2024  /

ရန်ကုန်အိမ်၊ခြံ၊မြေဈေးကွက်တွင် အိမ်ခြံမြေဝယ်ယူရင်းနှီးမြှုပ်နှံသူ နည်းပါးနေပြီး ရွှေစုသူများလာတယ်လို့  ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

 " လက်ရှိမှာက အိမ်ခြံမြေကိုဝယ်တာထက် ရွှေစုသူပိုများလာတယ်။ ရွှေဈေး၊ငွေဈေးတတ်လို့ အိမ်ခြံမြေကိုပိုပြီးရင်းနှီးမြှုပ်နှံမယ်ထင်ထားတာ။ အခုမဟုတ်တော့ဘူး။ အခုပွဲစားတွေကိုမေးလိုက်ရင် အရောင်းအဝယ်ကောင်းလားဆို မကောင်းဘူး။ အငှားဈေးကွက်ကတော့ တော်တော်ဖြစ်တယ်။ ဈေးကလည်းမြောက်တယ်" ဟုအိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

 

blog image

သီလဝါအထူးစီးပွားဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၀၀ ကျော်တိုးတက်ခဲ့ဟုဆို

Apr 23, 2024  /

နစကအစိုးရ လက်ထက် သီလဝါအထူးစီးပွားဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာသန်း ၁၀၀ ကျော်တိုးတက်ခဲ့တယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ သိရပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၆ ဒသမ ၂ သန်း ရင်းနှီးမြှုပ်နှံမှုတိုးလာပြီး၊ယခုလာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ထပ်တိုးရန် ပြင်ဆင်ထားတဲ့ Proposal များရှိနေတယ်လို့လည်းသိရပါတယ်။

blog image

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တွင်း အခွန်စည်းကြပ်ရန် သတ်မှတ်မြေဈေးနှုန်းများသတ်မှတ်

Apr 20, 2024  /

 ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်စည်းကြပ်ရန်အတွက် မြို့နယ်အလိုက်သတ်မှတ်မြေဈေးနှုန်းများ ကိုထုတ်ပြန်လိုက်ပါတယ်။

 ကမာရွတ်မြို့နယ်၊ ပြည်လမ်းပိုင်းရှိမြေကွက် တစ်စတုရန်းပေ ကျပ် ၆၀၀,၀၀၀ (ပေ ၁၀၀ ပတ်လည်အတွက် ကျပ်သိန်းခြောက်သောင်း) ဖြင့်သာ အများဆုံးသတ်မှတ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြေရောင်း/ဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများအရ သိရပါတယ်။

blog image

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက်(၄)လုံး၊အခန်း ၁၁၄ခန်းအားအတိုးနှုန်းသက်သာသောအိမ်ရာချေးငွေ ဖြင့်ရောင်းချသွားမည်

Apr 11, 2024  /

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက်(၄)လုံး၊အခန်း ၁၁၄ခန်းအားအတိုးနှုန်းသက်သာသောအိမ်ရာချေးငွေ ဖြင့်ရောင်းချသွားမယ်လို့သိရပါတယ်။
ဧပြီလ (၁၁)ရက်။
Myanmar Property Dealer
ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ထားတဲ့ အောင်မြင့်မိုရ်အိမ်ရာ အတွင်း ရှိ အခန်း(၁၀၄)ခန်းကိုအတိုးနှုန်းသက်သာသောချေးငွေစနစ်ဖြင့်ချိတ်ဆက်ပြီး၂၀၂၄ခုနှစ်၊မေလတွင် ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

blog image

ရန်ကုန်အိမ်အငှားဈေးကွက်ဖြစ်ထွန်းနေ

Apr 10, 2024  /

ရွှေဈေး၊ငွေဈေးမြင့်တက်လာချိန် ရင်းနှီးမြီုပ်နှံအဖြစ် ဝယ်ယူထားတဲ့ အိမ်ခန်း၊တိုက်ခန်း၊ လုံးချင်းအိမ်များ အငှားဈေးကွက်ထဲကိုဝင်ရောက်လာတဲ့အတွက် အငှားဈေးကွက်ဖြစ်ထွန်းနေတယ်လို့ အိမ်ခြံမြေ အကျိုးတော်ဆောင် လုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရပါတယ်။

blog image

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး ဗဟိုယာယီဥက္ကဌအဖြစ် ဒုတိယ ဥက္ကဌ(၁) ဦးနန္ဒကျော်တာဝန်ယူ

Apr 9, 2024  /

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့်ကြားဖြတ်ရွေးကောက်ပွဲအခမ်းအနားကိုနေပြည်တော် ၊ဒက္ခိဏသီရိမြို့နယ် တုံဂပူရိဟိုတယ်မှာ ဧပြီလ (၇)ရက်နေ့ကကျင်းပခဲ့ပြီး MRPDAဗဟိုယာယီဥက္ကဌအဖြစ် ဒုတိယဥက္ကဌ(၁) ဦးနန္ဒကျော် ကိုတာဝန်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

blog image

မြန်မာ့အိမ်ခြံမြေက‌ဏ္ဍတွင် ပြည်တွင်း /ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာသန်း (၇၈၀၀) ကျော်ရရှိထား

Apr 8, 2024  /

မြန်မာနိုင်ငံ အိမ်ခြံမြေကဏ္ဍတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာသန်း (၇၈၀၀) ကျော်ရရှိထားတယ်လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှထုတ်ပြန်ထားတဲ့အချက်အလက်များအရ သိရပါတယ်။

blog image

ဒလအိမ်၊ခြံ၊မြေ ဈေးဆက်တိုက်မြင့်တက်လာ

Apr 6, 2024  /

၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တဲ့ ဒလတံတားစီမံကိန်းကြောင့် ဒလအိမ်ခြံမြေဈေးတွေကလည်း ဆက်တိုက် မြင့်တက်လာနေတယ် လို့အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများရဲ့ပြောပြချက်အရ သိရပါတယ်။

ဒလမြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်ထဲမှာ ဝယ်ယူမှုများပြားလာပြီး ဈေးနှုန်းများကလည်း အဆမတန် မြင့်တက်လျက်ရှိနေပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာဒလတံတားစီမံကိန်းပြီးစီးနှုန်းမြန်ဆန်နေတဲ့ အခြေအနေတွေကြောင့်ဖြစ်ပြီး လက်ရှိမှာမြေကွက်များ အဝယ်လိုက်လာနေပြီး တစ်လထက်တစ်လ ဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။

blog image

နယ်မြေမတည်ငြိမ်မှု့ကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်မဖော်နိုင်သေးဟုသိရ။

Apr 3, 2024  /

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်နိုင်ငံဘက်မှ အမြန်ဆုံးစတင်ချင်သော်လည်း ဒေသတွင်းတိုက်ပွဲများကြောင့်အကောင်အထည်မဖော်နိုင်သေးတာဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအထူးစီးပွားရေးဇုန်ရေးရာဌာနခွဲမှ သိရပါတယ်။