ဝါကျွတ်ကာလရောက်ရှိတော့မှာဖြစ်တဲ့အတွက် အိမ်ခြံမြေဈေးကွက်ကလည်း အရောင်းအဝယ်ကောင်းလာနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ကျောက်မဲမြို့တွေမှာတိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူများက လုံခြုံစိတ်ချ ရနိုင်တယ်လို့ယူဆကြတဲ့တောင်ကြီးမြို့ ကိုစစ်ဘေးရှောင်လာကြတယ်လို့သိရပါတယ်။
ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍအတွင်း ကန်ဒေါ်လာ ၂၄၈ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အပါအဝင် အခြားဒေသများမှ စစ်ဘေးရှောင်များ ရန်ကုန်သို့အဆင်းများလာပြီး အိမ်၊ခြံ၊မြေများ လိုက်ဝယ်နေတယ်ဟု သတင်းများထွက်ပေါ်နေပြီး ပွဲစားအချို့မှလည်း အိမ်ခြံမြေဈေးကွက်လှုပ်ခတ်အောင် လုပ်ဆောင်မှုများရှိနေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရပါတယ်။
သွင်းကုန်တင်သွင်းမှု ကန့်သတ်ထားခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အဝင်မရှိတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတချို့ရပ်ဆိုင်းထားရတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်များရဲ့ပြောပြချက်အရ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) နေအိမ်ကို ဒီကနေ့ (ဩဂုတ်-၁၅)ရက် နေ့က ဒုတိယအကြိမ်လေလံတင်ရောင်းချခဲ့ရာမှာလည်း ဝယ်ယူမယ့်သူမရှိဘူးလို့ လေလံအရာရှိကြေညာချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လတွင် ကျပ် ၃၁၅ ဘီလျံဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)နှင့် နေအိမ် လေလံတင် ရောင်းချခဲ့သော်လည်း လေလံဆွဲဝယ်ယူမယ့်သူမရှိတဲ့အတွက် ဈေးလျှော့ပြီး ဒုတိယအကြိမ်ထပ်မံလေလံတင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
လက်ရှိ နေပြည်တော် ၊မေမြို့ရှိ အိမ်ခြံမြေဈေးကွက်အခြေအနေတွေက မြေကွက်များ ဈေးလျှော့ရောင်းချနေတဲ့အခြေနေဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ မြို့နှစ်ခုမှာရှိတဲ့ အိမ်ခြံမြေဈေးကွက်တွေက အကျဖက်မှာရှိနေပေမယ့်ရန်ကုန်မှာရှိတဲ့အိမ်ခြံမြေဈေးကွက်တွေက ဖြစ်ထွန်းနေတယ်လို့လည်းသိရပါတယ်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ် တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ၃ နှစ်ကျော်ကာလအတွင်း ထိုင်းအိမ်ခြံမြေကဏ္ဍမှာ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်မှုဘတ် ၁၀ ဘီလီယံထက်မနည်း ရှိလာနေတယ်လို့ ထိုင်းအိမ်ခြံမြေဈေးကွက်ဆိုင်ရာဌာန REIC က ဖော်ပြထားရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးဟောင်းအဆောက်အုံနေရာတွင် အထပ်မြင့်အဆောက်အဦ ဆောက်လုပ်သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
အဆိုပါ သီရိမင်္ဂလာဈေးဟောင်းအဆောက်အုံကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၇ရက်နေ့တွင် နောက်ဆုံးထားပိတ်သိမ်းခဲ့တာလည်းဖြစ်ပါတယ် ။
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဈေးကွက်အတွင်းမှာ ပြီးခဲ့တဲ့ဇူလိုင်လအထိ အိမ်အငှားဈေးကွက် လှုပ်ခတ်ခဲ့ပေမယ့်အရောင်းအဝယ်မှာတော့လုံးချင်းအိမ်များသာအရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရပါတယ်။