ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များ ရေးဆွဲဆောင်ရွက်နေတယ်လို့သိရပါတယ်။
လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်ရန်အတွက် မြို့ပြ နှင့် အိမ်ရာစီမံကိန်းများ တည်ဆောက်ရာတွင် Town Plan များစနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် MSME လုပ်ငန်းရှင်များနှင့်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။
လာမည့် ဧပြီလတွင် ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို အပြောင်းအလဲဖြစ်စေမည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို အသစ်ပြဌာန်းပေးဖို့ရှိနေပါတယ်။
ဒါ့အပြင် ယခုဘဏ္ဍာနှစ်အတွက် တန်ဖိုးသတ်မှတ်ပေးဖို့ မတ်လ ၁၅ ရက် နောက်ဆုံးထားပြီး တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ထံ လျှောက်လွှာတွေ တင်ပြရဖို့ လည်းရှိနေပါတယ်။
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအနီးတွင် အကောင်အထည် ဖော်တည်ဆောက်ပြီးစီးတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား ပြည်သူများ၊ လက်ရှိတာဝန် ထမ်းဆောင်ဆဲဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ငှားရမ်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အိမ်ခြံမြေများ၏ ကာလတန်ဖိုးသတ်မှတ်ရန် အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာများပေးပို့ရမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
မတ်လအတွင်း ကျပ်နှစ်သောင်းတန်ငွေစက္ကူ ထွက်ရှိမည်ဆိုသည့် သတင်းများကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ဂယက်ရိုက်ခတ်လာမှုများရှိတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတွေထံက သိရပါတယ်။
လူမှုကွန်ရက် စာမျက်နှာတွေနဲ့ Website တွေမှာ လာမယ့်မတ်လအတွင်း ၂၀,၀၀၀ ကျပ်တန်တွေ ထွက်ရှိမယ် ဆိုပြီး ဖြစ်ပေါ်နေတဲ့သတင်းတွေဟာ ကောလဟာလသတင်းတွေသာဖြစ်တယ်လို့ ဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) စီမံကိန်းတစ်ခုလုံး၏ ပြီးစီးမှုသည် (၉၇) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊တည်ဆောက်ရေးအဖွဲ့(၃) မှ သိရပါတယ်။
မြန်မာနိုင်ငံရှိ အိမ်ခြံမြေ ဈေးကွက်ဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တို့မှာ ပိုမို အရောင်းအဝယ် ဖြစ်နေပြီး ဈေးနှုန်းအနေနဲ့ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စသည့် မြို့ကြီးများသည် အိမ်ခြံမြေ ဝယ်ယူမှု များပြားလျက်ရှိပြီး ဈေးနှုန်းများလည်း မြင့်တက်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်နေသူများထံမှ သိရပါတယ်
မြန်မာနိုင်ငံသားများတချို့ ဘန်ကောက်မြို့အပြင် လုံးချင်းအိမ်ရာ စီမံကိန်းများရှိတဲ့ ချင်းမိုင်နှင့် ဖူးခက်တို့တွင် အပန်းဖြေအိမ်ရာများဝယ်ယူပြင်ဆင်မှုများရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ မြန်မာနိုင်ငံသားများအနေဖြင့် ချင်းမိုင်တွင် ၁ ယူနစ်လျှင် ဘတ် ၂၀ သန်းမှ ၃၀ သန်း တန်ဖိုး ရှိသော လုံးချင်းအိမ်များနှင့် ဖူးခက်ရှိ Laguna နှင့် Bangtao ကမ်းခြေနေရာများရှိ ဘတ် ၄၀ သန်းတန် ဗီလာများကို ဝယ်ယူရန်စိတ်ဝင်စားမှုများရှိနေတယ်လို့ သိရပါတယ်။