ရန်ကုန်မြို့လယ်ခေါင်ရှိ အထင်ကရဟိုတယ်တစ်ခုဖြစ်တဲ့ဆူးလေရှန်ဂရီလာဟိုတယ် သုံးနှစ်ကျော်ကြာသည် အထိပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့အကြောင်းကို ဟိုတယ်နှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းမဲပေါက်သူများကို ဒုတိယအကြိမ်အကြောင်းကြားခဲ့သော်လည်း လာရောက်ဆက်သွယ်ခြင်းမရှိတဲ့သူများကို အိမ်ရာဝယ်ယူခွင့် လုံးဝတားမြစ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီ သတင်းများအရ သိရပါတယ်။
လက်တလောဖြစ်ပေါ်လျက်ရှိနေတဲ့ ရေကြီးရေလျှံမှုများကြောင့် အခက်အခဲရင်ဆိုင်နေရတဲ့ ရေဘေးသင့် ဒေသများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အမိုးသွပ် အချပ်ရေ (၃၀၀၀၀) ကျော်ကို ပေါက်ဈေးနှုန်း၏ (၄၀)ရာခိုင်နှုန်းလျော့ဈေးဖြင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ကရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ဆောက်မယ့် အဆင့်မြင့်အိမ်ရာစီမံကိန်း Lot (၃)ခု ကို အလုံးစုံရင်းနှီးမြှုပ်နှံတည်ဆောက်ရန်အတွက် Developer လုပ်ငန်းရှင်/ကုမ္ပဏီများအား စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ Expression of Interest (EOI)များကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာနမှ ဖိတ်ခေါ်လျှက်ရှိတယ်လို့သိရပါတယ်။
ဘဏ်ကိုပေးသွင်းရန် ကြွေးမြီများကြောင့် အမှတ်(၂၉ )၊ အောင်ချမ်းသာလမ်းမကြီး ( ဖိုးချစ်လမ်း ) ၊ကြူစမ်းရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်မှာ ရှိတဲ့ ဖိုးချစ်သဘင်ခြံကြီးကိုအမြန်ရောင်းချမှာဖြစ်တယ်လို့ ဇာတ်မင်းသားဖိုးချစ်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးတင်ထားတာဖြစ်ပါတယ်။
စိုက်ပျိုးမြေများအား တင်ဒါစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ပြုပေးသွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မယ့် တောင်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမြေများကို တင်ဒါစနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့သိရတာပါ ။
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် တည်ဆောက်နေတဲ့ အဝေးပြေးယာဉ်ရပ်နားစခန်း အပိုင်း(၁) ကို ယခုလကုန်တွင် အပြီးတည်ဆောက်မှာဖြစ်တယ်လို့ အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရပါတယ်။
ဝါကျွတ်ကာလရောက်ရှိတော့မှာဖြစ်တဲ့အတွက် အိမ်ခြံမြေဈေးကွက်ကလည်း အရောင်းအဝယ်ကောင်းလာနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ကျောက်မဲမြို့တွေမှာတိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူများက လုံခြုံစိတ်ချ ရနိုင်တယ်လို့ယူဆကြတဲ့တောင်ကြီးမြို့ ကိုစစ်ဘေးရှောင်လာကြတယ်လို့သိရပါတယ်။