Home  / News

消息

blog image

သုခဒဂုံ အငှားအိမ်ရာတွင် နေထိုင်ခွင့်ရှိသူများက တဆင့်ငှားရမ်းမှုများ ပြုလုပ်လာ

Jan 2, 2024  /

သုခဒဂုံအငှားပြည်သူ့အိမ်ရာတွင် နေထိုင်ခွင့်ရှိသူများက တဆင့်ငှားရမ်းမှုများ ပြုလုပ်လာမှုတွေရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

blog image

လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိသူများ ခြောက်လအတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ရမည်

Dec 30, 2023  /

လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိပြီးသူများအနေ ဖြင့် ခွင့်ပြုချက်ရရှိပြီး ခွင့်ပြုတဲ့နေ့ရက်မှ ခြောက်လအတွင်း လယ်ယာမြေကို သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း လုပ်ငန်းပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ (၁၁) ကြိမ်မြောက်အစည်းအဝေးကနေသိရပါတယ်။

blog image

အိမ်ခြံမြေ လွှဲပြောင်း၊ ရောင်းချခြင်းအတွက် အခွန်ဆောင်ပြီးမှသာ ပိုင်ဆိုင်မှုလွှဲပြောင်းစာချုပ်စာတမ်း မှတ်ပုံတင်ခွင့်ပြုမည်

Dec 27, 2023  /

လယ်ယာမြေ၊ အိမ်ခြံမြေ အပါအဝင် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတွေ ရောင်းချမှုအပြီး ကိုယ်စားလှယ်လွှဲစာများ (SP ၊ GP) အား မှတ်ပုံတင်ပေးရန် လျှောက်ထားလာပါက မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို ဦးစွာ ဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက အသိပေးထားပါတယ်။ မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပေဒ အပါအဝင် သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ကျသင့်သော အခွန်များ ပြည့်စုံစွာ ထမ်းဆောင်ပြီးဖြစ်သည့် ပိုင်ဆိုင်မှုအလွှဲအပြောင်း စာချုပ်စာတမ်းကို လာရောက်မှတ်ပုံတင်တဲ့အချိန်မှသာ အထွေထွေကိုယ်စားလှယ်လွှဲစာများ (Special Power ၊ General Power) ကို မှတ်ပုံတင်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

blog image

တစ်ပိုင်တစ်နိုင် ရင်းနှီးမြှပ်နှံသူများ အိမ်ခြံမြေဈေးကွက်သို့ ဦးလှည့်လာ၊ ကြိုက်ရောင်းကြိုက်ဝယ်အနေအထားကြောင့် ဈေးခုန်တက်

Dec 25, 2023  /

မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများက ခိုင်မာမှုရှိတဲ့ အိမ်ခြံမြေဈေးကွက်ကို ဦးလှည့်လာကြတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင် အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒါကြောင့် အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တတ်လာပြီး ကြိုက်ရောင်းကြိုက်ဝယ် အနေအထားဖြစ်နေတယ်လို့ မန်းအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

blog image

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် အတွင်းရှိ စုစုပေါင်းမြေဧရိယာ ၇၃၈ ဒသမ ၁၉ ဧကပေါ်မှာ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးနှင့် စက်မှုဇုန် စီမံကိန်းအကောင်အထည်ဖော်ရန်တင်ပြထား။

Dec 23, 2023  /

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် စန္ဒ၀တ်ကျေးရွာအုပ်စုအတွင်းရှိ စုစုပေါင်းမြေဧရိယာ ၇၃၈ဒသမ ၁၉ ဧကပေါ်မှာအပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးနှင့် စက်မှုဇုန်တို့အား အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ပြုပါရန် မြိတ်ကော်ပိုရေးရှင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တင်ပြလာမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြခဲ့ရာ အမှာစာအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက သဘောတူခဲ့ကြောင်း သိရပါတယ်။

blog image

အထပ်မြင့်အဆောက်အဦဆောက်လုပ်ရန် တင်ပြလာသူများကို ညှိနှိုင်းဆောင်ရွက်ရေးဌာန (အထပ်မြင့်အဆောက်အဦ စစ်ဆေးရေး ကော်မတီ-HIC)ကစစ်ဆေး

Dec 22, 2023  /

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းရှိ အထပ်မြင့်အဆောက်အဦဆောက်လုပ်ရန် တင်ပြလာသူများကို ညှိနှိုင်းဆောင်ရွက်ရေးဌာန (အထပ်မြင့်အဆောက်အဦ စစ်ဆေးရေး ကော်မတီ-HIC)ကစစ်ဆေးပြီးမှသာ ခွင့်ပြုလျက်ရှိတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံဌာနကနေသိရပါတယ်။ 

blog image

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းအားလုံး၏ ၉၄ ရာခိုင်နှုန်းပြီးစီးနေ။

Dec 19, 2023  /

 ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းအားလုံးယခုအခါမှာ ၉၄ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့နိုင်ငံပိုင်သတင်းစာများထုတ်ပြန်ရေးသားချက်တွေအရသိရပါတယ်။

 ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေးသဘောတူညီချက်အရ ၂၀၁၃ ခုနှစ် မှစတင်ပြီးစီမံကိန်းလုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

blog image

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှYBS -118 နှင့် YBS-97 ယာဉ်လိုင်းနှစ်လိုင်းစတင်ပြေးဆွဲ

Dec 15, 2023  /

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ နေထိုင်ကြတဲ့ပြည်သူတွေအတွက် YBS ယာဉ်လိုင်း(၂)လိုင်း ဖြစ်တဲ့ YBS -118 ၊YBS-97တို့ယနေ့(ဒီဇင်ဘာ-၁၅)ရက်မှာစတင်ပြေးဆွဲနေပြီလို့သိရပါတယ်။

YBS-118 ယာဉ်လိုင်းကသုခဒဂုံပြည်သူ့အငှားအိမ်ရာ မှ ဆူးလေအထိပြေးဆွဲမှာဖြစ်ပြီး၊YBS-97 ယာဉ်လိုင်းအနေနဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ကနေ ထောက်ကြံ့အထိပြေးဆွဲပေးမှာဖြစ်ပြီး၊ယာဉ်လိုင်းတွေအနေနဲ့ နံနက်၅နာရီခွဲမှစတင်ပြီး၁၀မိနစ်တစ်စီးခြားပြေးဆွဲမှာဖြစ်တယ်လို့လည်းအိမ်ရာဝန်းအတွင်းနေပြည်သူတွေထံကနေသိရပါတယ်။

blog image

ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း ၆၃ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်

Dec 15, 2023  /

ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်မှုစီမံကိန်းဟာ ၆၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနကနေ သိရပါတယ်။

 အဓိကချဉ်းကပ်တံတားများဖြစ်တဲ့ ရန်ကုန်ဘက်ရှိ ချဉ်းကပ်တံတား၊ ဒလဘက် ချဉ်းကပ် တံတား၊ ဆင်ခြေလျှောတံတားများအားလုံး ပြီးစီးလုနီးနီးဖြစ်နေပြီဖြစ်ကာ အဓိကကျန်နေတဲ့အပိုင်းကတော့ ပင်မတံတား တည်ဆောက်ရေး အပိုင်းများသာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

blog image

ဖြိုဖျက်နေသည့် သီရိမင်္ဂလာဈေးဟောင်းနေရာတွင် အဆင့်မြင့်အဆောက်အဦ တည်ဆောက်မည်ဟု သတင်းများထွက်ပေါ်နေ

Dec 14, 2023  /

 ပြီးခဲ့တဲ့ဩဂုတ်လက စတင်ဖြိုဖျက်နေတဲ့ သီရိမင်္ဂလာဈေးဟောင်းနေရာမှာ အဆင့်မြင့်အဆောက်အဦတစ်ခု တည်ဆောက်သွားမယ်လို့ ယခင်ရောင်းဝယ်ရေးလုပ်ကိုင်ခဲ့သူများရဲ့ ပြောပြချက်အရ သိရပါတယ်။ အဆိုပါသီရိမင်္ဂလာဈေးဟောင်းအဆောက်အုံကို အန္တရာယ်ရှိအဆောက်အဦအဖြစ် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့မှာ သတ်မှတ်ခဲ့ပြီးတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က  စပြီး လုပ်ငန်းတွေကို သက်တမ်းတိုးခွင့်မပြုဘဲ ပိတ်သိမ်းပယ်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။