ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်ပြီး ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရေးအတွက် တိုက်တွန်းတဲ့အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဇွန် ၁၅ ရက်က တင်သွင်းခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယသမ္မတနိုင်ငံကနေ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ကို ငလျင်တိုင်းကိရိယာ အပါအဝင် ရူပီး ၁၇ ဒသမ ၇၅ သန်းကျော် တန်ဖိုးရှိတဲ့ ငလျင်ဒဏ်သင့် အဆောက်အအုံ စစ်ဆေးရေး ပစ္စည်းတွေကို လှူဒါန်းလွှဲပြောင်းပေးခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီပစ္စည်းတွေ လွှဲပြောင်းပေးအပ်ပွဲကိုတော့ မနေ့က (ဇွန်လ ၁၀ ရက်) မနက်ပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှာ ကျင်းပခဲ့တာပါ။
နေပြည်တော်ကို “Clean City, Green City, Smart City” အဖြစ် ဖော်ဆောင်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဗြိတိန်အိမ်ရှေ့စံ Prince William သည် လာမဲ့ ၁၀ နှစ်အတွင်း လည်းကောင်းရဲ့ Duchy of Cornwall ပိုင် မြေယာနှင့် အိမ်ခြံမြေအချို့ကို ရောင်းချကာ ရရှိလာမယ့်ငွေများဖြင့် ပေါင်သန်း ၅၀၀ ကျော် (အမေရိကန်ဒေါ်လာ သန်း ၆၇၀ ခန့်) ကို ဒေသခံလူမှုအသိုင်းအဝိုင်းများအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့သိရပါတယ်။
သတ်မှတ်ထားတဲ့ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကပေါင်း ၃,၅၈၈ ဒသမ ၆၉ ဧကကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များ ရုပ်သိမ်းကာ နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မ တီထံမှ သိရပါတယ်။
ပြင်ဦးလွင်ဒေသရဲ့ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ ပိုမိုလာရောက်လည်ပတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဆက်လက်အရှိန်မြှင့်နေပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ (၄/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ဒီလုပ်ငန်းတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၄,၈၀၀ ကျော် ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။
ဒီတစ်ကြိမ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်တစ်ခုအပြင် စက်မှု၊ ဟိုတယ်နှင့်ခရီးသွား၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေက ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၄၇.၆ သန်းကျော်နဲ့ ကျပ်ဘီလီယံ ၂၉၉ ကျော် ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ခွင့်ပြုထားသော်လည်း သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိတဲ့ မြေဧရိယာများကို ပြန်လည်သိမ်းဆည်းလိုက်ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ထုတ်ပြန်တဲ့အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၆) အရ သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက PFI စနစ်ဖြင့် ဆောင်ရွက်လျက်ရှိနေတဲ့ သုခဒဂုံပြည်သူ့အငှား အိမ်ရာစီမံကိန်းလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့သိရပါတယ်။
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် အရာထမ်း၊ အမှုထမ်းများအတွက် ဝန်ထမ်းအိမ်ရာ စုစုပေါင်း ၄၉၈ ခန်း တည်ဆောက်လျက်ရှိပြီး ငလျင်ဒဏ်ခံနိုင်တဲ့ အခြေခံအဆောက်အအုံများ တိုးမြှင့်ဖော်ဆောင်နေတယ်လို့သိရပါတယ်။