Home  / News

News

blog image

ရခိုင်ပြည်နယ်၊သံတွဲမြို့ ငပလီကမ်းခြေဒေသအတွင်း ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာ စီမံကိန်း စတင်အကောင်အထည်ဖော်မည်။

Feb 6, 2023  /

ရခိုင်ပြည်နယ်သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်း နှင့် ခရီးသွားဝန်ဆောင်မှု ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်း သဘောတူစာချုပ် (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၄ရက်နေ့ က Pan Pacific Hotel (Yangon) တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းကို နိုင်ငံပိုင်သတင်းစာများမှတဆင့် သိရှိရပါတယ်။

ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်း နှင့် ခရီးသွားဝန်ဆောင်မှု ကဏ္ဍများ အတွက် ရုရှား - မြန်မာချစ်ကြည်ရေးအသင်း နဲ့ ပြည်တွင်းစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။

blog image

ရန်ကုန်မြို့တွင်းရှိအိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးနေ ။

Feb 2, 2023  /

ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေဈေးကွက် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှစတင်ပြီး အရောင်းအဝယ်အေးနေတယ်လို့  သက်ဆိုင်ရာမြို့နယ်အလိုက်အိမ်ခြံမြေအကျိုးဆောင်တွေထံကနေသိရပါတယ်။

အရင်က အရောင်းအဝယ်ဖြစ်နေတဲ့ မြေကွက်၊တိုက်ခန်း၊ကွန်ဒိုတွေလည်း ယခုအခါမှာတော့ အရောင်းအဝယ် တော်တော်လေးနည်းပါသွားတယ်လို့လည်းသိရပြီး ဒီလိုဖြစ်လာရခြင်းမှာလည်း ပြီးခဲ့တဲ့နှစ် ၂၀၂၂ခုနှစ်နိုဝင်ဘာလ (၉)ရက်နေ့က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကနေ အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွန်ကြားချက် ထုတ် ပြန်ပြီးနောက်ပိုင်းဖြစ်လာရတယ်လို့လည်းသိရပါတယ်။

blog image

ပြင်ဦးလွင်၊အောင်ချမ်းသာရွာဘက်ရှိသစ်တောမြေအတွင်းကော်ဖီလုပ်ကိုင်ခွင့်ပြုထားခြင်းမရှိ။

Jan 27, 2023  /

ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်အတွင်း၊အောင်ချမ်းသာရွာဘက်မှာရှိတဲ့သစ်တောမြေအတွင်းမှာကော်ဖီလုပ်ကိုင်ခွင့်ပြုထားခြင်းမရှိကြောင်းသိရပြီး၊ဒါ့အပြင်မြေလွတ်မြေရိုင်များတွင်ခွင့်ပြုထားမှုအခြေနေများအားလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှစိစစ်လျက်ရှိတယ်လို့လည်းသိရှိရပါတယ်။

blog image

ပြင်ဦးလွင်မြို့ရှိ သစ်တောမြေ (၄၈.၇၄)ဧကအား တရားဝင်ခွင့်ပြုချက်မရှိဘဲ အကွက် ရိုက်ဆောင်ရွက်နေသူများကိုဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရ။

Jan 26, 2023  /

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်အတွင်းရှိလယ်ယာမြေ၊ မြေလွတ်မြေရိုင်းနှင့်သစ်တောမြေများတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲအကွက် ရိုက်ဆောင်ရွက်နေခြင်းများကိုစစ်ဆေးတွေ့ရှိသဖြင့် အရေးယူထားတယ်လို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများထံမှသိရပါတယ်။

blog image

သိမ်ကြီးဈေး (စီ)ရုံ ဒုတိယထပ်ရှိ အခန်းလွတ်(၆)ခန်းအတွက် အငှားတင်ဒါလျောက်လွှာများ ခေါ်ယူ ။

Jan 20, 2023  /

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာန ကွပ်ကဲမှုအောက်ရှိ လသာမြို့နယ် သိမ်ကြီးဈေး (စီ)ရုံ ဒုတိယထပ် ဆိုင်အမှတ် ၆၊ ၇၊ ၁၅၊၁၆၊၁၇၊၁၈ တို့အား တင်ဒါစနစ်နဲ့ ငှားရမ်းမယ်လို သိရပြီး တင်ဒါပုံစံရောင်းချမယ့် ရက်မှာ ၁၈-၁-၂၀၂၃ မှ ၂-၂-၂၀၂၃ရက်နေ့အထိ ဖြစ်ပြီး တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်မှာ ၃-၂-၂၀၂၃ (သောကြာနေ့ ၃း၀၀နာရီ) ဖြစ်တယ်လို သိရှိရပါတယ်။ 

blog image

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မှ တန်ဖိုးနည်း တန်ဖိုးသင့် တိုက်ခန်းများ ရောင်းချမည်

Jan 17, 2023  /

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာ နှင့် သန်လျင် ၊ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာ စီမံကိန်းအတွင်းမှာဆောက်လုပ်ထားရှိတဲ့  တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာအခန်းပေါင်း (၂၀၄)ခန်းကို ရောင်းချမယ်လို့ သိရှိရပါတယ်။

blog image

မြေအမည်ပေါက်ကွယ်လွန်လျှင် ကိုယ်စားလှယ်ပါဝါ ပျက်ပြယ်ပါတယ်။

Jan 13, 2023  /

မြေအမည်ပေါက်ဖြစ်သူထံမှ မြေကိုအဆင့်ဆင့်ဝယ်ယူထားခဲ့ကြပြီး မိမိတို့အမည်ပြောင်းခြင်းမပြုပဲ ကိုယ်စားလှယ်လွှဲစာပါဝါ (SP/GP) ယူထားပြီးနေခြင်းမှာ အမည်ပြောင်းလျှင် အခွန်ပေးဆောင်ရမည် ဖြစ်သော          ကြောင့် ဖြစ်ပါသည်။

 ထိုသို့ ဆောင်ရွက်လိုခြင်း မရှိသည့်အတွက် ပါဝါကိုင်၍ အခွန်ရှောင်နေကြခြင်းဖြစ်သည်။ မြေအမည်ပေါက် ကွယ်လွန်လျှင် ကိုယ်စားလှယ်ပါဝါ အလိုအလျောက်ပျက်ပြယ်ပါပြီ။ မြေအမည်ပေါက် ကွယ်လွန်သွားသဖြင့် ၎င်းအမည်ပေါက်က လွှဲအပ်ထားသော ပါဝါ အသုံးမပြုလိုက်ရခင်ကို ပျက်ပြယ်သွားပြီဖြစ်သည့်အတွက် နောက်ဆုံးဝယ်ယူထားသူအတွက် ရှေ့ဆက်အစီအစဉ်အဖြစ် အမည်ပြောင်းခြင်း လုပ်ငန်းရပ်တန့် သွားပြီဖြစ်ပါတယ်။ဝယ်သူအမည်ပြောင်းနိုင်ဖို့ရာ ဥပဒေနှင့်ညီသော အခြားနည်းလမ်းများရှာဖွေရပါပြီ။

blog image

ရှေ့နေမပါပဲမြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

Jan 11, 2023  /

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲ။ပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲ၊ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင် အရောင်းမှားအဝယ်မှားမဖြစ်အောင်ရယ် ၊ပိုင်ဆိုင်မှုကို ခိုင်မာသထက်ခိုင်မာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ်  ။

နောက်ကျောဓားနဲ့ထိုးခံရတယ်၊ ယုံမိလို့ ဆုံးရှုံးကုန်တယ်နှုတ်ကတိပဲပေးမိပြီး ပြဿနာတက်တော့ ကတိမေပးဖူးပါဘူးလို့ ဗြောင်လိမ်ဗြောင်စားလုပ်တာခံရဖူးတယ်ဆိုရင်တော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားနိုင်ဖို့ အရေးကြီးမှန်းသိလောက်ပါပြီ။

blog image

ကလောမြို့၏ အထင်ကရ ဟိုတယ်တစ်ခု တောင်ပေါ်ရှုခင်းသာဟိုတယ်ကို ရောင်းချ

Jan 11, 2023  /

ထင်းရှုးမြို့တော်ဟု တင်စားခံထားရသည့် ကလောမြို့၏ အထင်ကရ ဟိုတယ် တစ်ခုဖြစ်ပြီး ရှုခင်းအလှဆုံး View Point တစ်ခု ဖြစ်သည့် Hill Top Villa Hotel (တောင်ပေါ်ရှုခင်းသာဟိုတယ်) ကို ပြန်လည် ရောင်းချ​တော့မည် ဖြစ်ကြောင်း သိရသည်။

blog image

Samanea Yangon Market မှာဆိုင်ခန်းများကို အထူးဈေးနှုန်းဖြင့်ငှားရမ်းပေးနေ။

Jan 2, 2023  /

နိင်ငံတကာကုန်သွယ်မှုအတွက် ရန်ကုန်မြို့ရဲ့အချက်အချာနေရာဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်းနှင့် ရတနာလမ်းထောင့်မှာရှိတဲ့ Samanea Yangon Market မှာဆိုင်ခန်းများကို အထူးဈေးနှုန်းဖြင့်  ၁ မီတာစကွဲယား ကို ၂ ဒေါ်လာနှုန်းဖြင့်ငှားရမ်းပေးနေတယ်လို့သိရပါတယ်။

အဆိုပါဆိုင်ခန်းများကိုငှားရမ်းလိုပါက တစ်နှစ်စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး၊စပေါ်သဘောဖြင့် ၅သိန်းကိုတင်ထားရမှာဖြစ်ပြီး၊တစ်နှစ်အတွင်းဆိုင်ခန်းပြန်လည်အပ်နှံပါကစပေါ်၅သိန်းဆုံးရှုံးမှာဖြစ်ပြီး၊တစ်နှစ်ကျော်မှဆိုင်ခန်းပြန်လည်အပ်နှံချင်ပါက စပေါ်ငွေ၅သိန်းကိုပြန်လည်ပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။