ရန်ကုန်အိမ်၊ခြံ၊မြေဈေးကွက်တွင် အိမ်ခြံမြေဝယ်ယူရင်းနှီးမြှုပ်နှံသူ နည်းပါးနေပြီး ရွှေစုသူများလာတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
" လက်ရှိမှာက အိမ်ခြံမြေကိုဝယ်တာထက် ရွှေစုသူပိုများလာတယ်။ ရွှေဈေး၊ငွေဈေးတတ်လို့ အိမ်ခြံမြေကိုပိုပြီးရင်းနှီးမြှုပ်နှံမယ်ထင်ထားတာ။ အခုမဟုတ်တော့ဘူး။ အခုပွဲစားတွေကိုမေးလိုက်ရင် အရောင်းအဝယ်ကောင်းလားဆို မကောင်းဘူး။ အငှားဈေးကွက်ကတော့ တော်တော်ဖြစ်တယ်။ ဈေးကလည်းမြောက်တယ်" ဟုအိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
နစကအစိုးရ လက်ထက် သီလဝါအထူးစီးပွားဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာသန်း ၁၀၀ ကျော်တိုးတက်ခဲ့တယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ သိရပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၆ ဒသမ ၂ သန်း ရင်းနှီးမြှုပ်နှံမှုတိုးလာပြီး၊ယခုလာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ထပ်တိုးရန် ပြင်ဆင်ထားတဲ့ Proposal များရှိနေတယ်လို့လည်းသိရပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်စည်းကြပ်ရန်အတွက် မြို့နယ်အလိုက်သတ်မှတ်မြေဈေးနှုန်းများ ကိုထုတ်ပြန်လိုက်ပါတယ်။
ကမာရွတ်မြို့နယ်၊ ပြည်လမ်းပိုင်းရှိမြေကွက် တစ်စတုရန်းပေ ကျပ် ၆၀၀,၀၀၀ (ပေ ၁၀၀ ပတ်လည်အတွက် ကျပ်သိန်းခြောက်သောင်း) ဖြင့်သာ အများဆုံးသတ်မှတ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြေရောင်း/ဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများအရ သိရပါတယ်။
ရွှေဈေး၊ငွေဈေးမြင့်တက်လာချိန် ရင်းနှီးမြီုပ်နှံအဖြစ် ဝယ်ယူထားတဲ့ အိမ်ခန်း၊တိုက်ခန်း၊ လုံးချင်းအိမ်များ အငှားဈေးကွက်ထဲကိုဝင်ရောက်လာတဲ့အတွက် အငှားဈေးကွက်ဖြစ်ထွန်းနေတယ်လို့ အိမ်ခြံမြေ အကျိုးတော်ဆောင် လုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့်ကြားဖြတ်ရွေးကောက်ပွဲအခမ်းအနားကိုနေပြည်တော် ၊ဒက္ခိဏသီရိမြို့နယ် တုံဂပူရိဟိုတယ်မှာ ဧပြီလ (၇)ရက်နေ့ကကျင်းပခဲ့ပြီး MRPDAဗဟိုယာယီဥက္ကဌအဖြစ် ဒုတိယဥက္ကဌ(၁) ဦးနန္ဒကျော် ကိုတာဝန်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေကဏ္ဍတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာသန်း (၇၈၀၀) ကျော်ရရှိထားတယ်လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှထုတ်ပြန်ထားတဲ့အချက်အလက်များအရ သိရပါတယ်။
၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တဲ့ ဒလတံတားစီမံကိန်းကြောင့် ဒလအိမ်ခြံမြေဈေးတွေကလည်း ဆက်တိုက် မြင့်တက်လာနေတယ် လို့အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများရဲ့ပြောပြချက်အရ သိရပါတယ်။
ဒလမြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်ထဲမှာ ဝယ်ယူမှုများပြားလာပြီး ဈေးနှုန်းများကလည်း အဆမတန် မြင့်တက်လျက်ရှိနေပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာဒလတံတားစီမံကိန်းပြီးစီးနှုန်းမြန်ဆန်နေတဲ့ အခြေအနေတွေကြောင့်ဖြစ်ပြီး လက်ရှိမှာမြေကွက်များ အဝယ်လိုက်လာနေပြီး တစ်လထက်တစ်လ ဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်နိုင်ငံဘက်မှ အမြန်ဆုံးစတင်ချင်သော်လည်း ဒေသတွင်းတိုက်ပွဲများကြောင့်အကောင်အထည်မဖော်နိုင်သေးတာဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအထူးစီးပွားရေးဇုန်ရေးရာဌာနခွဲမှ သိရပါတယ်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဟိုတယ်အတော်များများအိမ်ခြံမြေဈေးကွက်ထဲတွင်အရောင်းတင်လာခြင်းများရှိနေသော်လည်း ဝယ်လက်စိတ်ဝင်စားမှုနည်းပါးနေကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရပါတယ်။