မကြာသေးခင်ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း Trat(ထရတ် ပြည်နယ်မှာတည်ရှိတဲ့ ဆောက်လက်စအပန်းဖြေအိမ်များပါ၀င်တဲ့ Koh Kham(ကော့ခမ်း) ကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ဘတ် ၁.၈ ဘီလီယံဖြင့် ရောင်းချရန် Facebook မှာ ကြော်ငြာလိုက်တာကြောင့် ခေါင်းကြီးပိုင်းသတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီ“ပုဂ္ဂလိကပိုင်ကျွန်း”ဟာ Trat(ထရတ်) ပြည်နယ်မှာ အလှပဆုံးကျွန်းဖြစ်ကြောင်းနှင့် အပန်းဖြေအိမ်များရှိကြောင်း ဖေ့စ်ဘုတ်အသုံးပြုသူ Apassara Sonsab(အပ်ပါစာရာ စမ်းစပ်) ဆိုသူကရေးသားခဲ့တာဖြစ်ပါတယ်။
သုခ ဒဂုံ ပြည်သူ့အငှါး အိမ်ရာအတွင်း စုစုပေါင်း တိုက်(၁၉၄) လုံးပါဝင်ပြီး ပြီးစီးမှုအလိုက် အခန်းများကို ငှါးရမ်းခွင့် ပြုလျက်ရှိရာ အဆိုပါတိုက်များထဲမှ ပြီးစီးပြီး တိုက် ၄၃ လုံး ၊ စည်းကမ်းပျက်သဖြင့် သိမ်းဆည်းထားတဲ့ အခန်းများနှင့်အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲစနစ်ဖြင့် ပြန်လည် ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် (၅၄) နေအိမ်အတွက် လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၂၉၀ ဖြင့် ဈေးလျှော့ကာ လေလံတင်ရောင်းချရန် ပြီးခဲ့တဲ့ အောက်တိုဘာ (၂၂ )ရက်နေ့ ရုံးချိန်းတွင် ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့တယ်လို့တရားရုံးနှင့် နီးစပ်သူများထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကိုယခုအခါမှာ လုံးဝရပ်ဆိုင်းထားရတယ်လို့ စီမံကိန်းနှင့်နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။
ရန်ကုန်-ဒလတံတားစီမံကိန်း တစ်ခုလုံးနှင့် ချဉ်းကပ်လမ်းနှစ်ဖက်လုံးပြီးစီးမှုမှာ (၈ဝ) ရာခိုင်နှုန်းထက်မနည်း ပြီးစီးနေပြီဖြစ်တာကြောင့် လာမယ့်၂၀၂၅ ခုနှစ်အစောပိုင်းတွင်တံတာကြီး ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများကညွှန်ကြားထားတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့ နယ်၊ ပြည်လမ်း အင်းလျားကန် မျက်နှာချင်းဆိုင်ရှိ တစ်ဧကခွဲကျယ်ဝန်းသော ဦးတေဇ၏ သားသမီးအမည်ပေါက် ပြည်လမ်းခြံကြီးအရောင်းအဝယ် မှာ ကျပ်ဘီလျံ(၂၀ဝ)ထက်မနည်း ရနိုင်ခြေရှိ တယ်လို့ အိမ်ခြံမြေအသိုင်းအဝိုင်းမှခန့်မှန်း ပြောဆိုကြပါတယ်။
တောင်ဒဂုံမြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတတိယ အသုတ်အိမ်ခန်းငှားရမ်းခွင့်အတွက် အောက်တိုဘာလ ၂၆ ရက်တွင် မဲနှိုက်ရွေးချယ်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)က အသိပေးထားရှိပါတယ်။
နေပြည်တော် ၊တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ရွာ သုံးရွာအတွက် သဘင်အသိုင်းအဝိုင်းမှ ၃၅ သိန်းတန် နေအိမ်အလုံးရေ (၄၉)လုံး လှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။
နိုင်ငံတဝန်းဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်အခြေအနေကို စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ သိရပါတယ်။
ယာဂီမုန်တိုင်းကြောင့် အိမ်လုံးကျွတ်ဆုံးရှုံးသွားတဲ့ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များစုပေါင်းပြီး ရရှိတဲ့အလှူငွေများဖြင့် နေအိမ်ဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့ လုပ်ငန်းရှင်တစ်ဦးကပြောသည်။