Home  / News

သတင်းများ

blog image

ကနောင်နှင့် သီလဝါအိမ်ရာများရှိ အခန်းပေါင်း ၃၈၀ ကို ဇွန်လ ၂၁ ရက်တွင် မဲနှိုက်ရောင်းချပေးမည်

Jun 19, 2024  /

ကနောင်အိမ်ရာရှိ အခန်း ၁၅၀ နှင့် သီလဝါအိမ်ရာရှိ အခန်း ၂၃၀ စုစုပေါင်းအခန်း ၃၈၀ ကို အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ ပြည့်မီသူများအား ဇွန်လ ၂၁ ရက်တွင် အခန်းမဲနှိုက် ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ ထုတ်ပြန်ထားချက်အရသိရပါတယ်။

blog image

သန်လျင်တံတားဖွင့်ပြီးနောက်ပိုင်း သန်လျင်မြို့နယ်ရှိ အိမ်ခြံမြေဈေးနှစ်ဆမြင့်တက်လာ

Jun 15, 2024  /

 ဇွန်လ ၈ ရက်နေ့က သန်လျင်တံတားဖွင့်ပြီးနောက်ပိုင်း သန်လျင်မြို့နယ်အတွင်းရှိ အိမ်ခြံမြေဈေးနှစ်ဆမြင့်တက်လာတယ်လို့  အိမ်ခြံမြေ ရောင်းဝယ်သူများထံမှ သိရပါတယ်။

blog image

သန်လျင်အမှတ် (၃) တံတားသစ်ဖြတ်သန်းခ ဇွန် ၁၅ ရက်နေ့ စကောက်မည်

Jun 10, 2024  /

ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ် နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ပေးထားတဲ့ ပဲခူးမြစ်ကူး (သန်လျင် အမှတ် ၃) တံတားသစ် ဖြတ်သန်းခတွေကို ဇွန်လ ၁၅ ရက်ကစတင်ပြီး ကောက်ခံသွားမှာဖြစ်တယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

blog image

မြန်မာနိုင်ငံတွင်တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက်(၅)ခု၊ ဆောင်ရွက်ဆဲစက်မှုဇုန်စီမံကိန်း (၂)ခုရှိကြောင်းသိရ။

Jun 8, 2024  /

 မြန်မာနိုင်ငံတွင်တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက်ငါးခု၊ ဆောင်ရွက်ဆဲစက်မှုဇုန်စီမံကိန်းနှစ်ခုရှိနေပြီး အဆိုပါစက်မှုဇုန်၊ စက်မှုရပ်ကွက်နှင့် စီမံကိန်းများအတွင်း အငယ်စား၊ အလတ်စားနှင့်အကြီးစားစက်မှု လုပ်ငန်းပေါင်း ၇၉၇၂ ခုရှိပြီး လုပ်သားပေါင်းငါးသိန်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်တယ်လို့သိရပါတယ်။

blog image

ပြည်တွင်းဖမ်းဆီးစစ်ဆေးမှုများကြောင့် ထိုင်းနိုင်ငံရှိကွန်ဒိုများ မြန်မာဝယ်ယူမှုကျဆင်းနိုင်ဟုဆို

Jun 8, 2024  /

ထိုင်းနိုင်ငံရှိကွန်ဒိုများကို ပြည်တွင်းမှာတရားမဝင်ရောင်းချပြီး တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ငွေလွှဲပြောင်းလုပ်ကိုင်သူ ၃ ဦး ကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အရေးယူထားပြီးနောက်စစ်ဆေးမှုများရှိနေသဖြင့် ထိုင်းနိုင်ငံရှိကွန်ဒိုများ မြန်မာနိုင်ငံသားဝယ်ယူမှုကျဆင်းလာနိုင်တယ်လို့ ထိုင်းနိုင်ငံရှိအိမ်ခြံမြေလုပ်ကိုင်သူများကပြောပါတယ်။

 

blog image

ထိုင်းကွန်ဒိုများကို ပြည်တွင်း၌ တရားမဝင်ရောင်းချပြီး တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ထိုင်းနိုင်ငံသို့ ငွေလွဲပြောင်းသူ ၂ ဦးနှင့် ငွေလွှဲပြောင်း ဝယ်ယူသူ ၃ ဦး ကိုအရေးယူထား

Jun 4, 2024  /

ထိုင်းနိုင်ငံမှ ကွန်ဒိုများကို မြန်မာနိုင်ငံတွင် တရားမဝင်ရောင်းချပြီး တရားမဝင် ဟွန်ဒီလုပ်ငန်းများမှ ထိုင်းနိုင်ငံသို့ ငွေလွှဲပြောင်းသူ Minn Thu ကုမ္ပဏီမှ တာဝန်ရှိသူ ၂ ဦးနှင့် တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ငွေလွှဲပြောင်း ဝယ်ယူသူ ၃ ဦးတို့အား အရေးယူဆောင်ရွက်ထားတယ်လို့ နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားရှိပါတယ်

blog image

သီလဝါအိမ်ရာနှင့်ကနောင်အိမ်ရာတို့ရှိ တိုက်(၁၁)လုံး၊အခန်း (၃၀၈ )ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေဖြင့် ရောင်းချမည်

Jun 1, 2024  /

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကဆောက်လုပ်ထားတဲ့ သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့ရှိ တိုက်(၁၁)လုံး၊အခန်း (၃၀၈ )ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေး ငွေစနစ်ဖြင့်ချိတ်ဆက်ပြီး၂၀၂၄ ခုနှစ်ဇွန်လအတွင်းရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

blog image

ထိုင်နိုင်ငံတွင်မြန်မာနိုင်ငံသားများအိမ်ဝယ်ယူမှုနှုန်းရုရှားကိုကျော်ပြီးအဆင့်(၂)တွင်ရပ်တည်

May 29, 2024  /

ထိုင်းသတင်းဌာန The Nation ရဲ့ ဖော်ပြချက်တွေအရ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားများ ကွန်ဒိုအိမ်ခန်းဝယ်ယူမှုက ရုရှားနိုင်ငံကိုကျော်လွန်ပြီး ဒုတိယနေရာကိုရောက်ရှိသွားတယ်လို့ သိရပါတယ်။
 

blog image

ရန်ကုန်-ဒလ မြစ်ကူးတံတားလုပ်ငန်းခွင်မှ အရေးကြီးအစိတ်အပိုင်းတစ်ခုအချိန်မီမရောက်ရှိပါက၂၀၂၄ မပြီးနိုင်ကြောင်းသိရှိရ။

May 25, 2024  /

ယခုနှစ် ၂၀၂၄ မှာအပြီးသတ်ပြီးစီးရန် မျှော်မှန်းထားတဲ့ ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းကြီးအနေဖြင့် အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အလယ်သံဘောင် အချိန်မီမရောက်ရှိပါက လာမယ့်၂၀၂၅ ရောက်မှသာ ပြီးစီးနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။

blog image

ထားဝယ်စီးပွားရေးဇုန်စီမံကိန်းအတွက်နည်းမျိုးစုံဖြင့်ရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်နေဟုဆို

May 24, 2024  /

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြတဲ့ Developer များကို နည်းမျိုးစုံဖြင့် ဖိတ်ခေါ်လျက်ရှိနေတယ်လို့သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်အထူးစီးပွားရေးဇုန်၃ခုကိုအကောင်အထည်ဖော်နေပြီး အောင်မြင်ပြီး သီလဝါစီးပွားရေး ဇုန်နှင့် လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် အလားတူထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားကြတဲ့ Developer များကို နည်းမျိုးစုံဖြင့်ဖိတ်ခေါ်လျက် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ရရှိရေးသက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အထူးစီးပွားရေးဇုန်အလိုက် စီမံခန့်ခွဲမှုကြီးကြပ်ရေးကော်မတီများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုတယ်လို့ လည်းသိရပါတယ်။