ထိုင်းနိုင်ငံ၊ ဥဘွန်ရတ်ချာဌာနီခရိုင်က ဝါရင်ချမ်ရပ် (Warin Chamrap) ဆေးရုံ တိုးချဲ့ဖို့ ဘတ် သန်း ၁,၀၀၀ တန်ကြေးရှိ မြေကို ရက်ရက်ရောရော လှူဒါန်းလိုက်တဲ့ အလှူကြီးအတန်းကြီးတစ်ခု ဖြစ်သွားခဲ့တာပါ။
ဒလတံတားမဖွင့်ခင်အချိန်က ဒလမြို့နယ်မှာရှိတဲ့ အိမ်ခြံမြေစျေးဟာစျေးတဟုန်ထိုးမြင့်တက်နေရာမှ လက်ရှိအချိန်မှာတော့ငြိမ်သက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံခိုင်မာစေရန် ရည်ရွယ်ကာ “ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်” အစီအစဉ်ကို စတင်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအသီးသီးမှထုတ်ပြန်ထားရှိပါတယ်။
မလေးရှားနိုင်ငံ ဆာဘားပြည်နယ်မှာရှိတဲ့ ကမ်းခြေရွာတစ်ရွာမှာ ဧပြီ ၁၉ ရက်နေ့က မီးလောင်မှုကြီး ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁,၀၀၀ လောက် ပျက်စီးသွားတဲ့အတွက် လူထောင်ချီ နေရာမဲ့ဖြစ်သွားခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်များနှင့် နီးစပ်တဲ့ မြေနေရာကျယ်များကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာခြင်းကြောင့် မြေကွက်အရောင်းအဝယ်များ တက်လာနေပြီး စီးပွားရေးလုပ်ငန်းရှင်များမှ ငှားရမ်းလိုမှုလည်း မြင့်တက်လျက်ရှိနေတယ်လို့ အိမ်ခြံမြေဈေးကွက်ထဲမှသိရပါတယ်။
အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ ရောင်းချထားတဲ့ အခန်းတွေကို ယာယီနေထိုင်ခွင့် ထုတ်ပေးတော့မယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။
စက်သုံးဆီအခက်အခဲများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုနေတဲ့ ပစ္စည်း စျေးနှုန်းများ မြင့်တက်လာမှုကြောင့် လုပ်ငန်းအချို့ကို ယာယီရပ်ဆိုင်းထားရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရပါတယ်။
ဘရူးနိုင်းနိုင်ငံမှာ စာသင်ကျောင်းတွေ၊ ကျန်းမာရေးကဏ္ဍနဲ့ အိမ်ရာကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်သွားမယ်လို့ အစိုးရဘက်က ပြောကြားလိုက်ပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် အဆင့်မြင့်စစ်မှုထမ်းဟောင်းများအတွက် အိမ်ရာစီမံကိန်းများကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိနေပြီး စုစုပေါင်း အိမ်ရာနေရာ (၂၁) နေရာတွင် တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နေတယ်လို့သိရပါတယ်။