Home  / News

သတင်းများ

blog image

ထားဝယ်ရေနက်ဆိပ်ကမ်း ပူးတွဲဖော်ဆောင်ရန် ရုရှားနှင့် နစကတို့ ကနဦးအဆင့် ဆွေးနွေးမှု စတင်နေပြီဟုဆို

May 20, 2024  /

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းကို ပူးတွဲအကောင်အထည်ဖော်ရန် ရုရှားနှင့်နစကတို့အကြား ကနဦးအဆင့် ဆွေးနွေးမှုစတင်နေပြီဖြစ်တယ်လို့ထားဝယ်အထူးစီးပွားဇုန် စီမံခန့်ခွဲမှုကော်မတီထံမှသိရပါတယ်။

blog image

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ဒုတိယ အဆင့်အိမ်ခန်းငှားရမ်းခွင့်ရရှိသူများ အိမ်ခန်းလခ ပေးသွင်းခြင်း နှင့် စာချုပ် ချုပ်ဆိုခြင်းများကို သတ်မှတ်ရက်များအလိုက်ဆောင်ရွက်ပေးမည်

May 16, 2024  /

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ဒုတိယ အဆင့်အိမ်ခန်းငှားရမ်းခွင့်ရရှိသူများကို အိမ်ခန်းလခ ပေးသွင်းခြင်း နှင့် စာချုပ် ချုပ်ဆိုခြင်းများကို သတ်မှတ်ရက်များအလိုက်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ သိရပါတယ်။

blog image

တာမွေ(ယာယီ)ဈေး ယခုလ မကုန်မီ ပန္နက်တင်မည်

May 14, 2024  /

တာမွေမြို့နယ် (က+ဂ) ရပ်ကွက် ၊ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ တာမွေ(ယာယီ)ဈေးကို ယခုလ မကုန်မီ ပန္နက်တင်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) က သိရပါတယ်။

အဆိုပါဈေးကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် One One One Co.,Ltd အနေဖြင့် တို့ အကျိုးတူပူးပေါင်းတည်ဆောက်ကြမှာဖြစ်ပြီး၊ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က“တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်း ဆိုင်ရာလုပ်ငန်း အကျိုးတူပူး‌ပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်” ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

blog image

ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) ပြီးစီးနေပြီဖြစ်သည့်အတွက်သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ မြို့နယ်တို့၌အိမ်ခြံမြေဈေးကောင်းနေ

May 13, 2024  /

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) တည်ဆောက်မှု လုပ်ငန်းများ ပြီးစီးနေပြီဖြစ်တဲ့အတွက်သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ မြို့နယ်တို့မှာအိမ်ခြံမြေဈေးကောင်းနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူများရဲ့ပြောပြချက်အရ သိရပါတယ်။

blog image

ယခုနှစ်အတွင်းသုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း ၁၉၀၀ ကျော်နေရာချထားပေးမည်။

May 13, 2024  /

၂၀၂၄ ခုနှစ်အတွင်းသုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း ၁၉၀၀ ကျော်ကို နေရာချထားဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၏ ပြောကြားချက်အရ သိရပါတယ်။

ယခုနှစ်ဇွန်လတွင် အခန်းပေါင်း ၈၁၀၊ ဇူလိုင်လတွင် ၈၆၄ ခန်း၊ ဒီဇင်ဘာလတွင် ၂၇၂ ခန်း အခန်း နေရာချထားရေး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

blog image

ပြည်ပမှ အိမ်၊ခြံ၊မြေရင်းနှီးမြှုပ်နှံမှုလျော့ကျလာဟုဆို

May 10, 2024  /

အိမ်၊ခြံ၊မြေကဏ္ဍထဲမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုလျော့ကျလာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဌ ဒေါ်မို့မို့အောင်ကပြောပါတယ်။
" ရင်းနှီးမြှုပ်နှံမှုဆိုတာကလည်း နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံမှသာလျှင် ရင်းနှီးမြှုပ်နှံမှုက ကြီးတာပေါ့။ ပြည်တွင်းမှာ ပိုက်ဆံရှိတဲ့သူက လက်ချိုးရေလို့ရတယ်။ပြောရရင် ပြည်ပရင်နှီးမြှုပ်နှံမှုအားနည်းနေတာပေါ့။ နိုင်ငံခြားသားတွေက လာရင်တစ်ယောက်ချင်းလာတာမဟုတ်ဘူး။ Group လိုက်လာကြတာ။ သေသေချာချာလေ့လာပြီးမှ ရင်းနှီးမြှုပ်နှံကြတာ"ဟုလည်း ၎င်းကဆိုပါတယ်။

blog image

မေလ ၇ ရက်တွင်အောင်မြင့်မိုရ်အိမ်ရာရှိ တိုက်ခန်းများအခန်းမဲနှိုက်မည်

May 6, 2024  /

တောင်ဒဂုံမြို့နယ်တွင် တည်ဆောက်ထားတဲ့အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် ၄ လုံး၊ အခန်း ၁၀၄ ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေဖြင့် ဝယ်ယူရန်အတွက် အခန်းမဲနှိုက်ခွင့်ရရှိသူများ မေလ ၇ ရက်နေ့တွင် အခန်းမဲနှိုက်ရမှဦဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာထားရှိပါတယ်။

blog image

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု ဆောင်ရွက်ရန်စီစဉ်နေ

May 2, 2024  /

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် YBS ခရီးသည်တင်ယာဉ်များ ရပ်နားရန်အတွက် Bus Terminal တစ်ခုကို ယခုနှစ်အတွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ YRTC မှ သိရပါတယ်။

blog image

ရန်ကုန်၊ မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးပြီး အငှားသွက်

Apr 30, 2024  /

ရန်ကုန် ၊ မန္တလေး အိမ်ခြံမြေဈေးကွက် အခြေအနေက လက်ရှိတွင် အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုသာ များနေတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းကသိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှစတင်ပြီး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်မှု ဖြစ်ပေါ်ခဲ့တဲ့အပြင် ဘဏ်တွင် ငွေထုတ် ယူမှု အခက်အခဲများနှင့် နိုင်ငံရေး အခြေအနေများကြောင့် အိမ်ခြံမြေ ဝယ်ယူမှုများကလည်း ၂ နှစ်ဆက်တိုက် မြင့်တက်ခဲ့ပါတယ်။

blog image

သုခဒဂုံပြည်သူ့အငှားအိမ်ရာနေထိုင်ခွင့် ဒုတိယအဆင့် မဲပေါက်ထားသူများ မေလအတွင်း အိမ်လခပေးသွင်းပြီး စာချုပ်ချုပ်ဆိုရမည်

Apr 29, 2024  /

ဒဂုံမြို့သစ်(‌တောင်ပိုင်း)မြို့နယ်မှာ တည်ဆောက်ထားတဲ့သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို လာမည့် မေလအတွင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ သိရပါတယ်။