တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းကို ပူးတွဲအကောင်အထည်ဖော်ရန် ရုရှားနှင့်နစကတို့အကြား ကနဦးအဆင့် ဆွေးနွေးမှုစတင်နေပြီဖြစ်တယ်လို့ထားဝယ်အထူးစီးပွားဇုန် စီမံခန့်ခွဲမှုကော်မတီထံမှသိရပါတယ်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ ဒုတိယ အဆင့်အိမ်ခန်းငှားရမ်းခွင့်ရရှိသူများကို အိမ်ခန်းလခ ပေးသွင်းခြင်း နှင့် စာချုပ် ချုပ်ဆိုခြင်းများကို သတ်မှတ်ရက်များအလိုက်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ သိရပါတယ်။
တာမွေမြို့နယ် (က+ဂ) ရပ်ကွက် ၊ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ တာမွေ(ယာယီ)ဈေးကို ယခုလ မကုန်မီ ပန္နက်တင်မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) က သိရပါတယ်။
အဆိုပါဈေးကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် One One One Co.,Ltd အနေဖြင့် တို့ အကျိုးတူပူးပေါင်းတည်ဆောက်ကြမှာဖြစ်ပြီး၊ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က“တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်း ဆိုင်ရာလုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်” ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) တည်ဆောက်မှု လုပ်ငန်းများ ပြီးစီးနေပြီဖြစ်တဲ့အတွက်သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ မြို့နယ်တို့မှာအိမ်ခြံမြေဈေးကောင်းနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူများရဲ့ပြောပြချက်အရ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်းသုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း ၁၉၀၀ ကျော်ကို နေရာချထားဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၏ ပြောကြားချက်အရ သိရပါတယ်။
ယခုနှစ်ဇွန်လတွင် အခန်းပေါင်း ၈၁၀၊ ဇူလိုင်လတွင် ၈၆၄ ခန်း၊ ဒီဇင်ဘာလတွင် ၂၇၂ ခန်း အခန်း နေရာချထားရေး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
တောင်ဒဂုံမြို့နယ်တွင် တည်ဆောက်ထားတဲ့အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် ၄ လုံး၊ အခန်း ၁၀၄ ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေဖြင့် ဝယ်ယူရန်အတွက် အခန်းမဲနှိုက်ခွင့်ရရှိသူများ မေလ ၇ ရက်နေ့တွင် အခန်းမဲနှိုက်ရမှဦဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာထားရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် YBS ခရီးသည်တင်ယာဉ်များ ရပ်နားရန်အတွက် Bus Terminal တစ်ခုကို ယခုနှစ်အတွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ YRTC မှ သိရပါတယ်။
ရန်ကုန် ၊ မန္တလေး အိမ်ခြံမြေဈေးကွက် အခြေအနေက လက်ရှိတွင် အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုသာ များနေတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းကသိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှစတင်ပြီး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်မှု ဖြစ်ပေါ်ခဲ့တဲ့အပြင် ဘဏ်တွင် ငွေထုတ် ယူမှု အခက်အခဲများနှင့် နိုင်ငံရေး အခြေအနေများကြောင့် အိမ်ခြံမြေ ဝယ်ယူမှုများကလည်း ၂ နှစ်ဆက်တိုက် မြင့်တက်ခဲ့ပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ တည်ဆောက်ထားတဲ့သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို လာမည့် မေလအတွင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ သိရပါတယ်။