ယခုရက်ပိုင်းတွေမှာ ရန်ကုန်မြို့မှာ နေအိမ်ငှားရမ်းခတွေ၊အဆောင်ငှားရမ်းခတွေ ဈေးတက်လာတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှသိရပါတယ်။
စစ်ဘေးရှောင်သူတွေ၊ငလျင်ဘေးရှောင်သူတွေများလာတဲ့အတွက် ရန်ကုန်မှာ နေအိမ်နဲ့ အဆောင်(မိသားစု၊လင်မယားအဆောင်)ငှားရမ်းသူတွေများလာတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကတည်းကဆောက်ခဲ့တဲ့ ဂျပန်နိုင်ငံရှိ ကန်ဆိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးလေဆိပ်အဖြစ် အသိအမှတ်ပြုခံထားရသော်လည်း ရေအောက်ကို တဖြေးဖြေးနဲ့ နစ်မြှုပ်နေပြီး တစ်နေ့ကျရင် လုံးဝနစ်မြုပ်သွားနိုင်ကြောင်း The Economic Times မှာဖော်ပြထားပါတယ်။
ဧပြီ ၂၄ ရက်ကစတင်ပြီး အဆင့်မြင့်စျေးချိုတော် စျေးရုံကြီးကို စျေးဖွင့်ရက်များအတိုင်း ပုံမှန်ဖွင့်လှစ်လည်ပတ်သွားမယ်လို့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရတနာပူရ အင်းဝမြို့ဟောင်း စည်တိုပုံ မြို့ရိုး၏ အပြင်ဘက် အရှေ့မြောက်ထောင့်တွင် ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနှင့် စစ်ကိုင်းမင်းတို့လက်ထက်မှာ တည်ဆောက်ခဲ့တဲ့ ရေနန်းတော်ဆိုတာကို လက်ဝဲနော်ရထာ အမတ်ရဲ့ ပုရပိုက်ပုံမှာဦးစွာ တွေ့ရှိခဲ့ရတာပဲဖြစ်ပြီး သမိုင်းမှတ်တမ်းများအရ ရေနန်းတော်အကြောင်းကို ဖော်ပြရာမှာတော့ ဆင်ကပ်လှေကားအိမ်ပါသော သရက်ကင်း အုတ်လှေကားကြီးများ၊ ကျွန်းသစ်ဖြင့် တည်ဆောက်ခဲ့သော အဆောင်များပါဝင်ကြောင်း ဖော်ပြထားတာပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ မကြာမီက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်သက်ရောက်မှုတွေကြောင့် ကွန်ဒိုတိုက်ခန်းဝယ်ယူမှုတွေ ကျဆင်းလာပေမယ့် မြန်မာနိုင်ငံသားများရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုက တော့ လျင်မြန်စွာတိုးတက်နေတယ်လို့ Krungthai Compass သုတေသနစခန်းရဲ့ပြောကြားချက်အရ သိရပါတယ်။
ငလျင်ဒဏ်သင့်ခဲ့ရတဲ့ သာသနိကနှင့်ဘာသာရေးဆိုင်ရာအဆောက်ဦများ၊ ပညာရေး၊ကျန်းမာရေးနှင့် အများနှင့်သက်ဆိုင်သောအဆောက်အဦများအား အဆောက်အဦတစ်ခုချင်းအလိုက် တာဝန်ယူပြီး ပြုပြင်မွမ်းမံအသစ်တည်ဆောက် လှူဒါန်းလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။
ပြည်ပမှတင်သွင်းလာတဲ့ဘိလပ်မြေများ ဝင်ရောက်လာတာကြောင့် ဈေးကွက်အတွင်း ဘိလပ်မြေဈေး အနည်းငယ် ကျဆင်းလာတယ်လို့ အုတ်၊သဲ၊ကျောက်ရောင်းဝယ်သူများထံမှ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တွင် အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အစီအစဉ်ဖြင့် ရောင်းချခဲ့တဲ့ သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာရှိ အခန်းများအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ယာယီနေထိုင်ခွင့် ထုတ်ပေးသွားမှာဖြစ်တယ်လို့ အသိပေးကြေညာထားရှိပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Running Man အစီအစဥ်ကနေ မြန်မာနိုင်ငံက လူတော်တော်များများသိလာခဲ့တဲ့ ယူဂျယ်ဆော့ ဆိုသူကတော့ ဝမ် ၂၀ ဘီလီယံတန်ဖိုးရှိတဲ့ အဆောက်အအုံ တစ်ခုကိုတည်ဆောက်နေတယ်လို့ သတင်းတွေကဖော်ပြထားကြပါတယ်။