Home  / News

消息

blog image

Smart Lamp Post နည်းပညာနဲ့ မြို့ပြလူနေမှုခြေလှမ်းသစ်ကိုစတင်လိုက်တဲ့ စင်ကာပူနိုင်ငံ

Oct 13, 2025  /

စင်္ကာပူနိုင်ငံဟာ မြို့ပြအ‌ဆောက်အဦဖွံဖြိုးရေးကဏ္ဉမှာ ခေတ်မီနည်းပညာတွေနဲ့အတူ ရှေ့‌ဆောင်လမ်းပြအဖြစ်ရပ်တည်လာတာ ၁၀ စုနှစ်တစုကျော်ကြာြမင့်ခဲ့ပြီပဲဖြစ်ပါတယ်။ စည်းစနစ်ကျမှုနှင့်နာမည်ကြီး တဲ့စင်ကာပူနိုင်ငံဟာဆိုရင် မြို့ပြလူနေမှုအဆင့်အတန်းကိုတဆင့်မြှင့်တင်ပေးမဲ့ Smart Lamp Post နည်းပညာကို စတင်မိတ်ဆက်လာခဲ့ပြီဘဲဖြစ်ပါတယ်။ 

blog image

ရန်ကုန် - ဒလ မြစ်ကူးတံတား၏ ပင်မတံတားစီမံကိန်း အောင်မြင်စွာချိတ်ဆက်

Oct 11, 2025  /

 မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား ရန်ကုန် - ဒလ မြစ်ကူးတံတား၏ ပင်မတံတားစီမံကိန်းကို ယနေ့ အောက်တိုဘာ(၁၀)ရက်နေ့တွင် အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ကြောင်း သိရပါတယ်။

blog image

ငလျင်ဘေးမှာ အထပ်မြင့်ပျက်စီးမှုတွေထက်စာရင်၊အထပ်နိမ့်အဆောက်အအုံပျက်စီးမှုကပိုများတယ်။

Oct 11, 2025  /

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့အဆောက်အအုံများ ပြိုကျပျက်စီးမှုအတွင်းမှာအထပ်မြင့်အဆောက်အအုံပျက်စီးမှုတွေထက်စာရင်၊အထပ်နိမ့်အဆောက်အအုံပျက်စီးမှုကပိုများတယ်လို့ သိရပါတယ်။

blog image

နှစ်ပေါင်း (၁၇၀) သက်တမ်းရှိ မဟာမင်းထင်ကျောင်းတိုက်အား ဂျပန်အစိုးရ၏ ငွေကြေးအကူအညီဖြင့် မူလပုံစံအတိုင်း ပြန်လည်ထိန်းသိမ်းမည်

Oct 11, 2025  /

မန္တလေးမြို့ရှိ နှစ်ပေါင်း(၁၇၀)ကျော်သက်တမ်းရှိမဟာမင်းထင်ကျောင်းတိုက်အား ဂျပန်အစိုးရ၏ ငွေကြေးအကူအညီဖြင့် မူလပုံစံအတိုင်း ပြန်လည်ထိန်းသိမ်းမှာဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်မှ The Stateman Media နဲ့တွေဆုံစဥ်ကပြောကြားခဲ့တာဘဲဖြစ်ပါတယ်။

blog image

၂၀၂၅ ခုနှစ် (၆)ကြိမ်မြောက် အာဆီယံစဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးမှုအရှိဆုံးမြို့ဆုကို ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ ရရှိ

Oct 11, 2025  /

 ၂၀၀၈ ခုနှစ်မှစတင်ပြီး သုံးနှစ်လျှင်တစ်ကြိမ်စိစစ်ရွေး ချယ်လျက်ရှိတဲ့ အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာရှေရှည်တည်တံ့သောမြို့ကြီးများလုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities- AWGESC) မှရွေးချယ်တဲ့ ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မြန်မာနိုင်ငံကိုယ်စားပြု ကရင်ပြည်နယ် ဘားအံမြို့ကရရှိခဲ့ပါတယ်။

blog image

ရန်ကုန်-ဒလ တံတားပြီးလုနီးသဖြင့် အိမ်ခြံမြေဈေး မြင့်တက်လာ

Oct 8, 2025  /

ရန်ကုန်-ဒလ တံတားဟာ ရာနှုန်းပြည့်နီးပါးပြီးနေပြီဖြစ်လို့ ဒလမြို့က အိမ်ခြံမြေ ဈေးတွေလည်း အရင်ကထက် တက်လာတယ်လို့ ဒလမြို့ခံတွေဆီက သိရပါတယ်။

blog image

၂နာရီခရီးကို ၂မိနစ်အတွင်းရောက်ရှိနိုင်မဲ့ တရုတ်နိုင်ငံရဲ့ကမ္ဘာအမြင့်ဆုံးတံတား

Oct 4, 2025  /

တရုတ်နိုင်ငံဟာပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ ပြည်တွင်းဆောက်လုပ်‌ရေးကဏ္ဉကို အရှိန်အဟုန်နဲ့ရင်းနှီးမြုပ်နှံနေတာဖြစ်ပြီး အဆင့်မြင့်ဆောက်လုပ်ရေးနည်းပညာတွေနဲ့အတူ ကမ္ဘာစံချိန်သစ်တခုကိုချိုးဖြတ်ခဲ့ပြီဘဲဖြစ်ပါတယ်။ တရုတ်နိုင်ငံ Guizhou(ကွေ့ကျုံး) ပြည်နယ်မှာရှိတဲ့ အမြင့် ၆၂၅ မီတာရှိ (Huajiang Grand Canyon Bridge)ဟွာကျန်းဂရင်းကင်ညွန်တံတားဟာ ပြည်နယ်တခုထဲမှာရှိတဲ့ ယခင်ကမ္ဘာ့အမြင့်ဆုံးတံတား ဘေဖန်ကျန်းတံတားရဲ့ ၅၆၅ မီတာအမြင့် စံချိန်ကိုချိုးဖြတ်ပြီး ပထမနေရာကိုရယူခဲ့တာပဲဖြစ်ပါတယ်။

blog image

တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အတွက် တောင်ကြီးမြို့ရှိဟိုတယ်အခန်းများ ကြိုတင်ဘိုကင်တင်သူများနေ

Oct 4, 2025  /

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံတော်အတွက် တောင်ကြီးမြို့တွင်ရှိတဲ့ဟိုတယ်အခန်းများကြိုတင်ဘိုကင်တင်သူများနေတယ်လို့ ဟိုတယ်များမှ စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာလ တတိယအပတ်ကစတင်ပြီး ဟိုတယ်ကြိုတင်မှာယူသူများရှိနေပြီးလာမဲ့သီတင်းကျွတ်ပိတ်ရက်ကာလတွင်လည်း ဟိုတယ်များပြည့်နေပြီဖြစ်တယ်လို့သိရပါတယ်။

blog image

မန္တလေးနှင့် ပြင်ဦးလွင်မှ အဆောက်အအုံ ၆၄ ခုကို ရှေးဟောင်းစာရင်းဝင်အဆောက်အအုံများအဖြစ် သတ်မှတ်

Oct 4, 2025  /

မန္တလေးနှင့် ပြင်ဦးလွင်မြို့နယ်ရှိ လွန်ခဲ့သော နှစ် ၁ဝဝ ကျော်က တည်ဆောက်ခဲ့တဲ့ အဆောက်အအုံ ၆၄ ခုကို ရှေးဟောင်းစာရင်းဝင် အဆောက်အအုံများအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်လိုက်တယ်လို့  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ သိရပါတယ်။

blog image

ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများပြုလုပ်နေ

Oct 4, 2025  /

ကိုဗစ်ကာလအတွင်း ပိတ်ထားခဲ့တဲ့ ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများပြုလုပ်နေတယ်လို့ ဟိုတယ်နှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။

အဆိုပါ ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ (၁)ရက် မှစတင်ပြီး လက်ရှိအချိန်ထိ ပိတ်ထားခဲ့သည်မှာ လေးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။