နိုင်ငံရေးအပြောင်းအလဲများကြောင့် စတင်နိုင်ခြင်းမရှိသေးတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းရှိ မြေကွက်အချို့ကို ယခင်ပေါက်စျေးထက် ဈေးလျှော့ရောင်းနေမှုများရှိနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းများကနေ စုံစမ်းသိရှိရပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းတွင် အရောင်းအဝယ် ပြုလုပ်နေတဲ့ မြေကွက် အမျိုးအစား ၅ မျိုးရှိပြီး ယခင်အစိုးရ လက်ထက်က ပေ ၄၀/၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၃၅၀ မှ သိန်း ၄၀၀ အထိ ပေါက်စျေးရှိခဲ့ကြောင်း၊ လက်ရှိ အချိန်မှာတော့ ပေ ၄၀/၆၀ အမျိုးအစား တစ်ကွက်လျှင် ကျပ်သိန်း ၂၅၀ မှ သိန်း ၃၀၀ ဝန်းကျင်ဖြင့် စျေးပေါက်နေတယ်လို့ သိရပါတယ်။
စင်္ကာပူနိုင်ငံမှာ ရှိတဲ့ အိမ်ခြံမြေ Real Estate မှာ ရင်းနှီးမြှပ်နှံချင်လို့ဘဲဖြစ်ဖြစ်၊နေထိုင်ချင်လို့ဘဲဖြစ်ဖြစ်ဝယ်ယူမယ့်သူတွေအနေနဲ့လက်ထဲမှာငွေကြေးအလုံအလောက်ရှိနေရင်တောင်ဝယ်ယူဖို့ခက်ခဲနေတဲ့အတွက်ကြောင့် စင်္ကာပူအိမ်ခြံမြေ ဈေးကွက်ကကျဆင်းနေတယ်လို့ စင်္ကာပူအိမ်ခြံမြေအသိုင်းအဝိုင်းက နေသိရပါတယ်။
ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်မှု မကြာခင်ပြီးစီးတော့မှာဖြစ်တဲ့အတွက် သန်လျင်ဘက်မှာရှိတဲ့ အိမ်ခြံမြေဈေးကွက်တွေကလည်း မြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေထံကနေ သိရပါတယ်။
လက်ရှိမှာလည်း တံတားကြိုးဆိုင်းများ စတင်တပ်ဆင်နေပြီဖြစ်ကာ တံတားစီမံကိန်းတစ်ခုလုံးရဲ့ ပြီးစီးမှုရာခိုင်နှုန်းမှာ ၉၅ ရာခိုင်နှုန်းလောက်ရှိပြီလို့ တံတားတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းမှာ တိုင်းရင်းသားများမှ အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံမှုရှိနေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များ၏ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ယခု နှစ်သစ်ကူးကာလမှာ အိမ်ခြံမြေဈေးကွက်အတွင်းအရောင်းအဝယ်အေးနေပြီး အငှားဈေးကွက်ပိုဖြစ်နေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်လေယာဉ်ကွင်းကို ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်နိုင်ရေးစီမံဆောင် ရွက် နေတယ်လို့သိရပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် သုခဒဂုံပြည်သူ့အငှားအိမ်ရာဝင်းအတွင်းရှိ ငါးဧက အကျယ် မြေပေါ်တွင် YBS ယာဉ်များညအိပ်ရပ်နားရန်အတွက် ညအိပ်ရပ်နားကွင်းဆောက်လုပ်လျက်ရှိ တယ်လို့သိရပါတယ်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ၊ ပျဉ်းမနားတောင်ညိုလမ်း၊ဆွာလမ်းဆုံနှင့် မြို့မစျေးကြား၊ ယခင်ဘူးကွဲရွာဟောင်း၊ (၃၁)ဧက အကျယ်မြေနေရာမှာ သုခတော်၀င်အပိုင်း (၂) အားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှာဖြစ်တဲ့အတွက် လုပ်ငန်းရှင် / ကုမ္ပဏီများအား စိတ်၀င်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest)(EOI) ခေါ်ယူထားတယ်လို့သိရပါတယ် ။
မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားထက် ရောင်းချလိုသူများနေခြင်းကြောင့် အရောင်းအဝယ်ဖြစ်မှု နည်းပါးနေတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းသို့ လုပ်ငန်းကြီးသမားများ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု နည်းနေဆဲဖြစ်သောကြောင့် အရောင်းအဝယ် အေးနေရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ “အရောင်းအဝယ်က မျှော်မှန်း ထားသလောက်တော့ ဖြစ်မလာသေးပါဘူး။ ရောင်းချင်တာတွေ များနေပြီး အဝယ်ကတော့ နည်းနေတာပေါ့"ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံ လက်ရှိအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ် လာတဲ့ အနေအထားများရှိနေတယ်လို့သိရပါတယ်။
၂၀၀၈ ခုနှစ်ကတည်းက ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကိုစတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တာဝန်ပေးထားတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်း ရပ်စဲထားခဲ့တာဖြစ်ပါတယ်။
ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတားစီမံကိန်းကြောင့်ဒလအိမ်ခြံမြေဈေးကွက်ဟာ အမြင့်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များထံကနေ သိရပါတယ်။