မန္တလေးမြို့ရှိ နှစ်ပေါင်း(၁၇၀)ကျော်သက်တမ်းရှိမဟာမင်းထင်ကျောင်းတိုက်အား ဂျပန်အစိုးရ၏ ငွေကြေးအကူအညီဖြင့် မူလပုံစံအတိုင်း ပြန်လည်ထိန်းသိမ်းမှာဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်မှ The Stateman Media နဲ့တွေဆုံစဥ်ကပြောကြားခဲ့တာဘဲဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်မှစတင်ပြီး သုံးနှစ်လျှင်တစ်ကြိမ်စိစစ်ရွေး ချယ်လျက်ရှိတဲ့ အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာရှေရှည်တည်တံ့သောမြို့ကြီးများလုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities- AWGESC) မှရွေးချယ်တဲ့ ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မြန်မာနိုင်ငံကိုယ်စားပြု ကရင်ပြည်နယ် ဘားအံမြို့ကရရှိခဲ့ပါတယ်။
ရန်ကုန်-ဒလ တံတားဟာ ရာနှုန်းပြည့်နီးပါးပြီးနေပြီဖြစ်လို့ ဒလမြို့က အိမ်ခြံမြေ ဈေးတွေလည်း အရင်ကထက် တက်လာတယ်လို့ ဒလမြို့ခံတွေဆီက သိရပါတယ်။
တရုတ်နိုင်ငံဟာပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ ပြည်တွင်းဆောက်လုပ်ရေးကဏ္ဉကို အရှိန်အဟုန်နဲ့ရင်းနှီးမြုပ်နှံနေတာဖြစ်ပြီး အဆင့်မြင့်ဆောက်လုပ်ရေးနည်းပညာတွေနဲ့အတူ ကမ္ဘာစံချိန်သစ်တခုကိုချိုးဖြတ်ခဲ့ပြီဘဲဖြစ်ပါတယ်။ တရုတ်နိုင်ငံ Guizhou(ကွေ့ကျုံး) ပြည်နယ်မှာရှိတဲ့ အမြင့် ၆၂၅ မီတာရှိ (Huajiang Grand Canyon Bridge)ဟွာကျန်းဂရင်းကင်ညွန်တံတားဟာ ပြည်နယ်တခုထဲမှာရှိတဲ့ ယခင်ကမ္ဘာ့အမြင့်ဆုံးတံတား ဘေဖန်ကျန်းတံတားရဲ့ ၅၆၅ မီတာအမြင့် စံချိန်ကိုချိုးဖြတ်ပြီး ပထမနေရာကိုရယူခဲ့တာပဲဖြစ်ပါတယ်။
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံတော်အတွက် တောင်ကြီးမြို့တွင်ရှိတဲ့ဟိုတယ်အခန်းများကြိုတင်ဘိုကင်တင်သူများနေတယ်လို့ ဟိုတယ်များမှ စုံစမ်းသိရှိရပါတယ်။
စက်တင်ဘာလ တတိယအပတ်ကစတင်ပြီး ဟိုတယ်ကြိုတင်မှာယူသူများရှိနေပြီးလာမဲ့သီတင်းကျွတ်ပိတ်ရက်ကာလတွင်လည်း ဟိုတယ်များပြည့်နေပြီဖြစ်တယ်လို့သိရပါတယ်။
မန္တလေးနှင့် ပြင်ဦးလွင်မြို့နယ်ရှိ လွန်ခဲ့သော နှစ် ၁ဝဝ ကျော်က တည်ဆောက်ခဲ့တဲ့ အဆောက်အအုံ ၆၄ ခုကို ရှေးဟောင်းစာရင်းဝင် အဆောက်အအုံများအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်လိုက်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ သိရပါတယ်။
ကိုဗစ်ကာလအတွင်း ပိတ်ထားခဲ့တဲ့ ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများပြုလုပ်နေတယ်လို့ ဟိုတယ်နှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
အဆိုပါ ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ (၁)ရက် မှစတင်ပြီး လက်ရှိအချိန်ထိ ပိတ်ထားခဲ့သည်မှာ လေးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့၊ မနက် ၇ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ Vajira ဆေးရုံရှေ့ရှိ ယာဉ်သွားလမ်းမကြီးပေါ်တွင် မြေပြိုမှုဖြစ်ပွားပြီး မီတာ ၅၀ ကျော်အနက်ရှိတဲ့မြေတွင်းကြီး ဖြစ်ပေါ်သွားကြောင်း Thaiger သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရီးသွားမြို့တော်ဖြစ်တဲ့ ဖူးခက်မြို့ဟာ အပန်းဖြေမြို့တော်တခုထပ်ပိုတဲ့( Artificial Intelligence (AI) City )စီမံကိန်းကိုအရှိန်အဟုန်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး မြို့တော်စီမံခန့်ခွဲမှုရဲ့ ကဏ္ဍအသီးသီးကိုလည်း AI စနစ်နဲ့ အကောင်အထည်ဖော်နေတာဘဲဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အခြေခံအဆောက်အအုံနှင့်ခရီးသွားကဏ္ဍအတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်မဲ့ ဒေါ်လာ ၂ ဘီလီယံတန် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြီးခဲ့တဲ့စက်တင်ဘာလ ၉ ရက်နေ့မှာစတင် ဖွင့်လှစ်ခဲ့တာဘဲဖြစ်ပါတယ်။