Home  / News

သတင်းများ

blog image

ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူခွင့် မဲပေါက်ထားသူတွေ အကြောင်းကြားစာ ထုတ်ပေးသွားမည်

Jul 30, 2025  /

 ရိုးမရိပ်သာ အိမ်ရာ မဲပေါက်သူများ အတွက် ဝယ်ယူခွင့် အကြောင်းကြားစာတွေကို သတ်မှတ်ရက်အလိုက်ထုတ်ပေးသွားမယ်လို့မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကသိရပါတယ် " ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ရောင်းချတဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာမှာ အခန်းဝယ်ယူခွင့် မဲပေါက်ထားသူတွေကို အသိပေးထားပါတယ်။သတ်မှတ်ရက်အတိုင်းထုတ်ယူဖို့လည်း အသိပေးပါတယ်လို့ " မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဘက်က ပြောထားပါတယ်။ 

blog image

အာရှရဲ့ခရီးသွားဗဟိုချက်ဖြစ်လာမယ့်စင်ကာပူရဲ့ Marina Bay Sands IR2စီမံကိန်း

Jul 30, 2025  /

အမြင့်ပေ၆၅၀ ရှိတဲ့တာဝါသုံးခုပေါ်မှာ သင်္ဘောသဏ္ဉန်အဆောက်အဦတခုကိုဝေဟင်ထက်မှာ စီးမြောနေဟန်တည်ဆောက်ထားတဲ့ Marina Bay Sands မိုး‌မျှော်တိုက်ဟာဆိုရင် ၂၀၁၁ ခုနှစ်တည်‌ဆောက်ပြီစီးချိန်ကတည်းက အာရှရဲ့အထင်ရှားဆုံး ဗိသုကာလက်ရာမြောက်မိုးမျှော်တိုက် တခုအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

blog image

ဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေတဲ့ ဝဇီရာ ရုပ်ရှင်ရုံ

Jul 30, 2025  /

 ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် တည်ဆောက်ထားတဲ့ ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံ ကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရပါတယ်။

blog image

အသုံးပြုခွင့်ရရှိထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိတဲ့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ ပြန်လည်ရုပ်သိမ်းမည်

Jul 30, 2025  /

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီရဲ့ (၁၆) ကြိမ်မြောက်အစည်းအဝေးကနေ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကိုလေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ရေးတို့ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

blog image

အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းဝန်းကျင်ခန့်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခုကို ခွင့်

Jul 21, 2025  /

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၄/၂၀၂၅) ကြိမ်မြောက် အစည်းဝေးကနေဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ကိုးခုကိုလည်းကောင်း၊ စက်မှု၊ ဟိုတယ်ခရီး၊ ဝန်ဆောင်မှု၊ လျှပ်စစ်၊ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ၊ သတ္တု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂၆ ခု တို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၈၆၅ သန်းနှင့် ငွေကျပ် ၆၇၂၈၃၅ ဒသမ ၂၆၅ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၂၂၀ ကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်၊

blog image

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့တဲ့ ကမ္ဘောဒီယားမှလူသတ်ကွင်းပြင်များ

Jul 20, 2025  /

ဇူလိုင်လ ၁၂ရက်နေ့၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ယူနက်စကိုရဲ့ ၄၇ကြိမ်မြောက် ကမ္ဘာအမွေအနှစ်ညီလာခံမှာ လူသန်းပေါင်းများစွာသတ်ဖြတ်ခံခဲ့ရတဲ့ ခမာနီတွေရဲ့လူသတ်ကွင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

blog image

မြန်မာနိင်ငံရဲ့အကြီးဆုံး နိင်ငံတကာလေဆိပ်ဖြစ်လာမယ့်ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်

Jul 17, 2025  /

မြန်မာနိင်ငံရဲ့အကြီးဆုံး နိင်ငံတကာလေဆိပ်ဖြစ်လာမယ့်ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ပဲခူးမြို့ရဲ့အနောက်ဘက် ၅ ကီလိုမီတာအကွာနှင့် ရန်ကုန်မြို့၏အ‌ရှေ့မြောက် ၆၀ ကီလိုမီတာခန့်အကွာ တွင်တည်ရှိတာြဖစ်ပြီး ပဲခူးမြို့ကျောက်တိုင် ရွာအနီးက ဂျပန်ခေတ်လေဆိပ်သဖွယ် အသုံးပြုခဲ့တဲ့မြေပေါ်မှာ ဟံသာဝတီလေဆိပ်အသစ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။

blog image

တရုတ်လူမျိုးများကြောင့်လှုပ်ခတ်သွားတဲ့ကိုရီးယားအိမ်ခြံမြေစျေးကွက်

Jul 16, 2025  /

 တောင်ကိုရီးယားနိုင်ငံသားတွေအပေါ် ကန့်သတ်ထားတဲ့ အစိုးရရဲ့မြေယာဥပဒေတွေအပေါ် နိုင်ငံသားများစိုးရိမ်မှု  မြင့်တက်လာပြီးနောက် အတိုက်အခံပါတီလွှတ်တော်အမတ်တစ်ဦးက ကိုရီးယားမှာ နိုင်ငံခြားသား အိမ်ခြံမြေဝယ်ယူမှုတွေကို ကန့်သတ်ဖို့ ရည်ရွယ်တဲ့ ဥပဒေမူကြမ်းကို အဆိုပြုခဲ့တယ်လို့ Korea Times သတင်းစာ မှာ ဖော်ပြထားပါတယ်။

blog image

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတား မကြာမီကာလအတွင်း တည်ဆောက်ပြီးစီး‌တော့မည်

Jul 16, 2025  /

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတား မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးတော့မှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

blog image

ငလျင်ဘေးနဲအတူ မြင့်တက်လာတဲ့ ရွှေဈေးတို့ကြောင့် အိမ်ခြံမြေ ဝယ်လိုအားမြင့်တက်လာဟုဆို

Jul 14, 2025  /

ငလျင်ဘေးနဲ့အတူ မြင့်တက်လာတဲ့ ရွှေဈေးတို့ကြောင့် အိမ်ခြံမြေ ဝယ်လိုအားမြင့်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။

အိမ်ခြံမြေဈေးတက်စေတဲ့ အကြောင်းရင်း ၂ ချက်က မန္တလေးငလျင်ရဲ့အကျိုးဆက်က လူတွေ မြေဝယ်ထားမှဆိုတဲ့ အသိဝင်စေပြီး ရွှေဈေးတက်တဲ့အခါ ရွှေရောင်းကာ မြေပြန်ပြောင်းထားကြပြန်တဲ့ဒီ ၂ ချက်ကြောင့် မြေဝယ်လိုအားပြန်ကောင်းလာတယ်လို့ မြင်တယ်လို့ ရန်ကုန်မြို့က အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက အခုလို ပြောပါတယ်။