ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ မြို့သစ်တည်ဆောက်စဉ်က သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးမရသေးတဲ့ တောင်သူ ၂၀၀ ကျော်ကို ဘယ်အချိန်မှာ လျော်ကြေးပေးအပ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ် (၁၀) က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်က မေးမြန်းခဲ့တာဖြစ်တယ်။
ရန်ကုန် - ပြည် ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များ အရှိန်အဟုန်ဖြင့် မကြာမီ စတင်ပြေးဆွဲတော့မှာဖြစ်ပြီး၊ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရထားလမ်းဘေးတစ်လျှောက်ရှိ တရားမဝင် ကျူးကျော်နေထိုင်သူများအား အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုဆိုင်ရာ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EOI) များ တင်သွင်းနိုင်ရန် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီက ဖိတ်ခေါ်ထားရှိပါတယ်။
လှိုင်သာယာမြို့နယ်ရဲ့ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတွင် လှိုင်မြစ်လမ်းမကြီးကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ လမ်းမကြီးတစ်ခုဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
၎င်း၏ ပြောကြားချက်အရ လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်–ပုသိမ် (အမှတ် ၅) လမ်းမကြီးနှင့် လှိုင်မြစ်လမ်းမကြီးတို့သည် အဓိကလမ်းကြောင်းနှစ်ခုဖြစ်ပြီး၊ အထူးသဖြင့် လှိုင်မြစ်လမ်းတစ်လျှောက်တွင် စီးပွားရေးလုပ်ငန်းများနှင့် လူနေထိုင်မှုများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာနေတယ်လို့လည်းသိရပါတယ်။
နေပြည်တော်မှာ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့အခြေနေမရှိသလို ဧရာဝတီလမ်းမပေါ်မှာဆိုရင် ကျပ်သိန်းပေါင်းခြောက်သောင်းကျော်က စျေးမြင့်တယ်ဆိုပေမယ့် အရောင်းဝယ်ဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ အခြေအနေမှာရောင်းသူတောင် မရှိတဲ့အကြောင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အိမ်ခြံမြေရောင်းဝယ်ရေးအသင်းကနေ သိရပါတယ်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း(၂)မှ ၄ ခန်းတွဲ ၄ ထပ် (အိပ်ခန်း ၂ ခန်းပါ) 4U4S တိုက်ခန်းများအတွက် လျှောက်ထားသူများအား Digital Spin မဲစနစ်ဖြင့် နေရာချထားခြင်းအခမ်းအနားကို ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုအဆင့် လမ်းညွှန်ချက်ရရှိပါက နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားလိုက်တာပါ။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ သုခတော်ဝင်အိမ်ရာ အပိုင်း(၂)မှ တိုက်ခန်းများအတွက် လျှောက်ထားသူများအား မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ သက်ဆိုင်ရာဌာနက အသိပေးထုတ်ပြန်ထားရှိပါတယ်။