Home  / News

News

blog image

သုခ ဒဂုံ ပြည်သူ့အငှါးအိမ်ရာ လျှောက်ထားသူများအနက် ကော်မတီမှစိစစ်၍လျှေက်လွှာများ ကို မဲ နှိုက်ပေးပြီး မဲပေါက်သူများကိုတိုက်ခန်းငှါးရမ်း ခွင့်ပြုသွားမည် ။

Nov 3, 2023  /

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာတိုက်ခန်းငှားရမ်း နေထိုင်ခွင့်လျှောက်ထားသူများစာရင်းကို သက်ဆိုင်ရာကနေ စိစစ်ပြီး မဲနှိုက်ခွင့်ရှိတဲ့လျောက်ထားသူများ စာရင်းနှင့်  မဲနှိုက်ရမယ့်ရက်များကို သက်ဆိုင်ရာခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် နိုဝင်ဘာ(၂) ရက် နေ့မှ စတင်ပြီး (၁၂)ရက်နေ့အထိ အသိပေးကြေညာထားတာကိုတွေ့ရှိရပါတယ်။

blog image

လယ်ယာမြေပေါ်တွင် သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်

Oct 26, 2023  /

လယ်ယာမြေပေါ်တွင် သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည် 

လယ်ယာမြေပိုင်ဆိုင် လုပ်ကိုင်နေသူများအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိလိုက်နာရန် အထူးလိုအပ်မှာဖြစ်ပြီး လယ်ယာမြေဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ မသိရှိ၍ဖြစ်စေ ဝယ်ယူပြီး ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဖောက်ဖျက်ကာ အဆောက်အအုံဆောက်လုပ်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမှာဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မြေယာဥပဒေ အပါအဝင် ဆက်စပ်ဥပဒေများရဲ့ သဘောတရားများကို သိရှိနားလည်နေအောင် လေ့လာထားသင့်ပါတယ်လို့ နေပြည်တော်မှာကျင်းပခဲ့တဲ့ (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေသိရပါတယ်။

blog image

အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည်တည်ဆောက်နိုင်ရန်အတွက် တရုတ်ဗိသုကာအဖွဲ့နှင့်တွေ့ ဆုံဆွေးနွေးနေ။

Oct 26, 2023  /

 

 

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် တရုတ်နိုင်ငံ Architectural Design & Research institute of Tongji University(Group) Co.,Ltd မှ Project အဖွဲ့တစ်ဖွဲ့နှင့်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများပြီးခဲ့တဲ့အောက်တိုဘာ၂၅ ရက်နေ့ကမြိုတော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၂)မှာတွေ့ဆုံဆွေးနွေးကြတယ်လို့သိရပါတယ်။

 

 

blog image

ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တည်ဆောက်မည်

Oct 20, 2023  /

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ကြီးကြပ် တည်ဆောက်မယ့် ဒဂုံမြို့နယ် ဦးဝိစာရလမ်း ရွှေတိဂုံစေတီ တော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက် လမ်းကူး လူသွားဥမင်တည်‌ ဆောက်ခြင်း မြေသန့်မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ- ၁၉ရက်နေ့က ကျင်းပခဲ့ကြောင်းသိရပါတယ်။

blog image

ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်(FIABCI)၊အာရှပစိဖိတ်အိမ်ခြံ‌မြေကွန်‌ဗန်ရှင်း(FIABCI – Thai) အိမ်ခြံမြေ ဆုပေးပွဲသို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)မှအသင်းဝင် (၁၀၈) ဦးတက်ရောက်

Oct 13, 2023  /

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့THE BERKELKYHOTEL.PRATUNAM မှာ အောက်တိုဘာ(၅)ရက် ၊ (၆)ရက်နေ့များတွင်ကျင်းပပြုလုပ်ခဲ့တဲ့ကမ္ဘ့ာအိမ်ခြံမြေအဖွဲ့ချုပ်၏အာရှပစိဖိတ်အိမ်ခြံမြေကွန်ဗေးရှင်း(FIABCI - Thai )သို့ နိုင်ငံပေါင်း(၂၆)နိုင်ငံမှ အဖွဲ့ဝင်(၆၀၀)ဦးတက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းမှအဖွဲ့ဝင် (၁၀၈)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

blog image

အောက်တိုဘာလ နှစ်ပတ်အတွင်း အဆောက်အဦ ဆောက်လုပ်ခွင့် (၁၂၈)ခု နဲ့ အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်(BCC) (၅၂)လုံး ခွင့်ပြုခဲ့ကြောင်းသိရ ။

Oct 13, 2023  /

အောက်တိုဘာလ နှစ်ပတ်အတွင်း အဆောက်အဦ ဆောက်လုပ်ခွင့် (၁၂၈)ခု နဲ့ အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်(BCC) (၅၂)လုံး ခွင့်ပြုခဲ့ကြောင်းသိရ ။

blog image

မကွေးမြို့တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် စက်မှုဇုန်အတွက် အဆိုပြုလွှာ (Expression of Interest-Eol) များခေါ်ယူ ။

Oct 11, 2023  /

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုဖြင့် မကွေးမြို့မှာ စက်မှုဇုန်အသစ်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး ရင်းနှီးတည်ဆောက်လိုတဲ့ ပြည်တွင်း/ပြည်ပမှ ကုမ္ပဏီများအနေဖြင့်မကွေးမြို့ စက်မှုဇုန်အား Developer အနေဖြင့် အကောင်အထည်ဖော်ရန်စိတ်ဝင်စားပါက စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ(Expression of Interest-Eol)များကို အတွင်း ရေးမှူး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့လိပ်မူပြီး အောက်တိုဘာ (၁၆)ရက်နေ့ ညနေ ၃နာရီ အရောက် ပေးပို့ တင်ပြရမှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာများမှတဆင့်သိရပါတယ်။

blog image

မင်္ဂလာဈေး၊မြေအောက် နှစ်ထပ်နှင့်မြေပေါ် ငါးလွှာတည်ဆောက်ခြင်းလုပ်ငန်း ၅၁ ရာခိုင်နှုန်း ပြီးစီး ၊၂၀၂၄ ခုနှစ် ဧပြီတွင် အပြီးတည်ဆောက် ရန်လျာထားကြောင်းသိရ ။

Sep 29, 2023  /

ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနက တာဝန်ယူဆောင်ရွက် လျက်ရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေ ကုန်းရပ်ကွက်၊ ဗညားဒလ လမ်းနှင့်စက်ရုံလမ်းထောင့်ရှိ မင်္ဂလာဈေး မြေအောက်နှစ်ထပ် မြေပေါ် ၁၅ ထပ် အဆောက် အဦ တည်ဆောက်ရေး လုပ်ငန်းမှာ ယခုအခါ ၅၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီတွင် အပြီးတည်ဆောက် ရန်လျာထားကြောင်းသိရပါတယ်။

blog image

အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်ခံထားရတဲ့ သီရိမင်္ဂလာစျေးဟောင်း အဆောက်အအုံ ဖြိုဖျက်ရောင်းချမည်ဖြစ်၍ တင်ဒါခေါ်ယူ

Aug 14, 2023  /

ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် သီရိမင်္ဂလာစျေးဟောင်း ၅ ထပ် RC အဆောက်အအုံမှာ အန္တရာယ်ရှိသဖြင့် ဖြိုဖျက်ရောင်းချမှုများပြုလုပ်ရန် ရန်ကုန်မြို့တော်စည်ပင်မှ လုပ်ငန်းလုပ်ကိုင်လိုသူများအား နိုင်ငံပိုင်သတင်းစာများမှတဆင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်လျှက်ရှိပါတယ်။

blog image

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်ထဲမှာတရားမ၀င် ၀င်ရောက်ကျူးကျော်နေထိုင်ခြင်းများကိုအရေးယူဆောင်ရွက်လျက်ရှိကြောင်းအသိပေးကြေညာ

Aug 11, 2023  /

 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းမှာရှိတဲ့ မြို့နယ်(၆)မြို့နယ်ထဲမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေများအရ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေနေရာများတွင် တရား၀င်ပိုင်ဆိုင်ခွင့်၊ လက်ရှိထားပိုင်ခွင့် အခွင့်အရေးနှင့် ခိုင်လုံသောအထောက်အထားတစ်စုံတစ်ရာမရှိဘဲ တရားမ၀င် ၀င်ရောက်ကျူးကျော်နေထိုင်ခြင်း၊ မြေဖို့ခြင်း၊အဆောက်အအုံဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းကာရံခြင်းတို့ကို ဥပဒေမဲ့စွာ ဆောင်ရွက်ခြင်းများကို တွေ့ရှိရသဖြင့် တည်ဆဲဥပဒေများနှင့်အညီဖျက်သိမ်းရှင်းလင်းဖယ်ရှား၍ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိတယ်လို့ဩဂုတ် ၈ရက်နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာထဲတွင်ဖော်ပြထားရှိပါတယ်။